Chapter 2 ဘယ်လိုတောင်သဘောကောင်းလိုက်တဲ့လူလဲ

829 145 25
                                    

Arc (1.2) ဘယ်လိုတောင် သဘောကောင်းလိုက်တဲ့လူလဲ

Unicode

Chi Zhaoအား အိပ်ရာပေါ်သို့တင်ပြီးနောက် Li Yihanသည် မတ်တပ်ရပ်ကာ တံခါးရှိရာသို့ လျှောက်သွားလေတော့သည်။

သူသည် ပိတုန်းရောင် အနောက်တိုင်းအင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ ရှပ်အင်္ကျီလက်အနားများရှိ နက်ပြာရောင်ကျောက်မြတ်ရတနာကြယ်သီးများမှာ ညနေခင်းနေရောင်အောက်တွင် တလက်လက်တောက်ပနေလေသည်။ သူသည် သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကာ အပြင်သွားဖို့အတွက် အဆင်သင့်ဖြစ်နေပုံပေါ်နေလေသည်။

တံခါးဝနားသို့ရောက်သောအခါ အိမ်တော်ထိန်းကဲ့သို့ ဝတ်စားဆင်ယင်ထားသော အဘိုးအိုတစ်ယောက်ပေါ်လာလေ၏။ Li Yihanသည် ထိုအဘိုးအိုအား စကားလုံးအနည်းငယ် တီးတိုးပြောပြီးနောက် တစ်ဖက်သို့ပြန်လှည့်လာလေသည်။

"ငါ Zhang Boကို ဆရာဝန်ခေါ်ခိုင်းထားတယ်။" သူသည် ကုတင်ဘေးတွင် မတ်တပ်ရပ‌်နေလေပြီး သူ၏ တည်ငြိမ်သောမျက်လုံးများမှာ Chi Zhaoကိုကြည့်နေလေသည်။ "ဘယ်နေရာမသက်မသာဖြစ်နေတာလဲ?"

[Qi Yuan မနေ့ညက တစ်ညလုံးပါတီပွဲတစ်ခုမှာ သောက်စားပျော်ပါးနေခဲ့ပြီးတော့ အိမ်ကို မူးပြဲနေမှ ပြန်ရောက်လာတာ။ တကယ်လို့ hostသာ ဒီတိုင်းမနေ့ညက အများကြီးသောက်မိသွားလို့လို့ဖြေလိုက်ရင် သူသံသယဝင်မှာ မဟုတ်တော့ဘူး]

System ပြောသည်ကို နားထောင်ပြီးနောက် Chi Zhaoသည် ချက်ချင်းပင် စောင်ကို အနည်းငယ်ဆွဲတင်လိုက်လေပြီး "ကျွန်တော် မနေ့ညက အများကြီးသောက်မိသွားလို့ မူးနောက်နောက်ခံစားနေရတာပါ။"

Li Yihanသည် Qi Yuan၏ နေထိုင်မှုဘဝကို ဂရုစိုက်လေ့မရှိသော်လည်း သူသိသင့်သလောက်တော့ သူသိပါသည်။ Qi Yuanသည် သူ့အိမ်ကို ပြောင်းရွေ့‌လာပြီးနောက်ပိုင်း မုန့်ဖိုးများပိုမိုရလာသည့်အချိန်ကတည်းက သောက်စားမူးယစ်သော နေရာများဆီသို့ မကြာခဏသွားကြောင်း သူသိရှိပြီးသားဖြစ်သည်။ နေ့စဉ်နေ့တိုင်းသူသည် "အစ်မကြီးများ" နှင့် တက္ကသိုလ်တွင် ရောနှောနေလျက်ရှိ၏။ သူတို့သည် သောက်စားမူးယစ်နေရင်နေ ထိုသို့မဟုတ်ပါက လိုက်ပတ်မွှေနေမည်ဖြစ်သည်။

ငါလေးကတကယ့်ကိုငါးဆားနူအောက်ပုဂ္ဂိုလ်လေးပါ!Where stories live. Discover now