Part 6

6K 446 22
                                    

Unicode

စိုင်းဠုယျာတို့အိမ်မှာ အရေးပိုင်ထင်ရိုင်းနောင်နေတယ်ဆိုကထဲက စည်လိုက်တဲ့လူပြတ်တယ်ရယ်ကိုမရှိဘူး။ အရေးပိုင်ကိုင်တွယ်တဲ့နယ်တခွင်က ရွာသူကြီးတွေဆို ကိစ္စရှိရင် မြို့နယ်ရုံးကိုမသွားတော့ အိမ်ကိုပဲတန်းလာတော့သည်။ ကိုယ့်ရွာကိစ္စရော တခြားရွာကိစ္စတွေရဲ့ပြဿနာ‌ပေါင်းသောင်းခြောက်ထောင် သူတို့သိလာရတော့သည်။ ဒီကြားထဲ အဘကပါသူကြီးလုပ်ခဲ့သူဆိုတော့ ရှေ့ဖြစ်နောက်ကြောင်းတွေပြောကာမဆုံးတော့။ ထင်ရိုင်းနောင်က လစဉ်အစည်းအဝေးတို့ ခရိုင်အဆင့်အဆင့်အစည်းဝေးတို့ရှိမှာ ရုံးထိုင်ဖြစ်တော့၏။ ကိစ္စကြီးငယ်ရှိလျှင် အရေးပိုင်လက်ထောက်စာရေး‌ခင်မောင်က ဦးသိန်းဖေတို့အိမ်လာရောက်ပြောကြားလေ့ရှိပြီး ကျန်တဲ့အချိန်ဆို သူပဲရုံးထိုင်နေတာဖြစ်သည်။ စိုင်းဠုယျာတို့အိမ်သည်လဲ ယခုတော့သူ့အိမ်သူ့ရာလိုပင်။ စာရေးခင်မောင်ကတော့ သူတို့အိမ်မှာမနေ ရုံးနဲ့နီးရာမှာအိမ်ငှားနေ၏။

ထင်းရိုင်းနောင် သူရဲ့မြတ်နိုးရာလေးကိုမတွေ့လို့ဟိုရှာသလိုဒီရှာသလိုရှာနေမိတာပါပဲ။ ဦးလေးသိန်းဖေကိုတွေ့တာနဲ့

"အဘ အစ်ကိုစိုင်းဠုယျာကိုတွေ့မိသေးလား"

ထင်ရိုင်းနောင်က တခြားသူတွေနဲ့တွေ့ရင်အခု‌နောက်ပိုင်းစိုင်းဠုယျာကကိုအစ်ကိုလို့သုံးနှုန်း၏။ နှစ်ယောက်ထဲရှိချိန်ဆိုရင်တော့ အစ်ကိုလို့မခေါ်။

"လူလေးအစ်ကို မီးဖိုဆောင်မှာထင်တယ် သူ့မမတွေဒီနေ့မြို့တက်လို့ မီးဖိုဆောင်ဝင်နေတယ်"

"ကျွန်တော် လိုက်သွားလိုက်အုန်းမယ် အဘ"

ဘယ်မှာရှိလဲသိတာနဲ့ တချိုးထဲလစ်တော့၏။

စိုင်းဠုယျာက မမလေးတို့နဲ့အစ်ကိုကြီးမြို့တက်ပြီး အသုံးအဆောင်ပစ္စည်းတွေရယ် အိမ်အတွက်လိုတာတွေရယ်သွားဝယ်တာကြောင့် မီးဖိုဆောင်ဝင်နေတာဖြစ်၏။ ညကထမင်းကျန်တာကို ပဲပြုတ်ပူပူနဲ့ထမင်းကြော်နေတာဖြစ်၏။ နေ့လည်စာအတွက်က မမကြီးချက်ပေးမယ်ဆိုပေမယ့် ကလေးတစ်ဖက်နဲ့မမကြီးကို ကူညီရာရောက်အောင် မနက်စာအတွက်တော့သူကိုယ်တိုင်လုပ်နေတာဖြစ်၏။ ‌ထမင်းကျော်အိုးဆင်ပေါ်တင်ပြီးတာနဲ့အကြမ်းအိုးအတွက်ရေနွေးအိုးတည်ထားလိုက်၏။

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiWhere stories live. Discover now