အပိုင်း-( ၂ )

70 4 0
                                    

အပိုင်း-(၂)

ဆံပင်အဝါရောင်တစွန်းတစပါရှိနေသော ဆံပင်အတုကို နိုင်ဝင့်လွှားက အင်တာနက်က ဘလော့ဂါတွေပြထားတဲ့အတိုင်းစွပ်လိုက်သည်။ အစမ်းလုပ်ပြထားသော မိတ်ကပ်ပြင်သည့် ဗီဒီယိုများကို အခေါက်အခေါက်အခါခါ ကြည့်ပြီးသည့်နောက် သူနေ့တစ်ဝက်လောက်ကုန်သွားခဲ့ပြီဖြစ်သည်။ ထိုအခါမှ သူလုပ်ငန်းစတော့သည်။

မိန်းကလေးတွေအတွက်လှလှလေးဖြစ်အောင် နေဖို့က ပင်ပန်းတာပဲ သူကိုယ်ချင်းစာမိသွားတော့တယ် ဒီလောက်လှလှလေးပြင်ထားရင်တောင် အလိုက်မသိ ထူအသည့်ကောင်လေးနှင့်များတွဲမိလျှင် ဆံပင် ဘယ်ညာပြောင်းခွဲလာမှန်းတောင် သိကြမည်မဟုတ်။

မျက်နှာနှနှလေးပေါ်ကို လက်ထဲတွင် ထည့်ထားသော တိုနာနှင့် အစိုထိန်းခရင်ကို မျက်နှာကို ကြမ်းကြမ်းတမ်းတမ်းပွတ်ပစ်လိုက်သည်။ လောလောလတ်လတ်ဝယ်လာသည့် အဆီထိန်းပေးသည့် sprayကို အရင်ဖြန်းကာ အောက်ခံမိတ်ကပ်ကို စိတ်မရှည်စွာလက်နှင့်သာလိမ်းပစ်လိုက်တော့သည်။

နဂိုတည်းက ဖြူသောအသားအရည်ရှိသည်မို့ မိတ်ကပ်အနည်းငယ်သာ လိမ်းလိုက်ရသည်။ သူ့အ‌ဒေါ်အခန်းထဲက ခိုးထုတ်လာသည့် ပေါင်ဒါမှုန့်ဘူးကိုဖွင့်ကာ လက်ပေါ်လောင်းချလိုက်၏။ လက်ပေါ်ကဖြူဖြူအမှုန့်တွေကို ဘုတ်ဘုတ်ဖြင့် လက်ဖြင့်သာ ပုံလိုက်သည်။ ဟိုတစ်ကွက်ဒီတစ်ကွက်ဖြစ်နေသည့်များကို လက်ချောင်းများဖြင့်သာ လိုက်ပွတ်ပြီး မျက်ကွင်းအောက်က အညိုကွက်များကို ဖုံးကွယ်လိုက်၏။

အင်း ပြီးပြည့်စုံသွားပြီ။

"ဟေ့ကောင် မင်းဟာက မိတ်ကပ်အိုးထဲကျလာတာကျနေတာပဲ ငါမိတ်ကပ်ဆရာခေါ်ပေးပါ့မယ်ဆိုနေမှပဲ"

"မင်းဖေကြီးက မိတ်ကပ်ဆရာခေါ်ဖို့မလိုအောင် လှပြီးသားပါ"

ဇန်နီက သူ့ကို ပြောမနိုင်ဟုယူဆကာ ခေါင်းကိုခါယမ်းလိုက်သည်။ သူက နောက်ဖေးက အိုးဆေးသည့်ရေမြုပ်အသစ်စက်စက်ကိုယူလာပြီး သူ့မျက်နှာပေါ်က မညီမညာမိတ်ကပ်တွေကို ဖြန့်ပေးနေသည်။

"မင်းက ဘယ်ဆိုးလို့လဲ အတွေ့ကြုံရှိလို့ပါလား"

"ငါ့ကောင်မလေးပြင်တာကို ကြည့်ထားတာ ဒီလောက်တော့ငါသိပါတယ်ကွာ.."

Mr.Handsome and Cross-dresserWhere stories live. Discover now