🤎1995🤎

12.6K 1.1K 90
                                    


(ဤဇာတ်လမ်းတိုလေးသည်စာရေးသူ၏စိတ်ကူးစိတ်
သန်းမျှသာဖြစ်သည်)
(ခေါတ်အခါရဲ့ပြောဆိုဟန်တွေအဆင်မပြေခဲ့သည်ရှိသော်ကြိုတင်တောင်းပန်ပါလျှက်)

.........။

🤎1995🤎

ကမ္ဘာပေါ်မှာပုံပြင်လေးတွေ....လွမ်းမောဖွယ်ဒဏ္ဍာရီလေး
တွေပုံစံမျိုးစုံနဲ့အများကြီးရှိတတ်ကြတယ်။
ထည်ဝါလွန်းတဲ့သမိုင်းကြောင်းတွေအလွန်လှပပြီး လွမ်း
ရိပ်တွေပျော်ဝင်နေတဲ့နယ်မြေတစ်ခုမှာလည်းပုံပြင်ငယ်
လေးတစ်ခုရှိခဲ့တယ်။

"ပြန်လာခဲ့မယ်....မကြာငြောင်းစေရပါဘူး...
သေချာပေါက်ပြန်လာမှာမလို့ ကတိပါ..."

"စောင့်နေမှာ....ကတိမပေးတောင်သေချာပေါက်
ပြန်လာမယ့် သူမို့ စောင့်နေပါတယ်...
မင်းမရှိရင်....မဖြစ်ခဲ့ဘူး...."

အမရာဒေဝီ....။

...........

2022။ပုဂံမြို့။

"ရာသီဥတုကပူလိုက်တာဗျာ...ကျွန်တော်ခြေကုန်
လက်ပန်းကျလာပြီ..စိတ်တွေထဲအဆင်မပြေတော့ဘူး
Hyung..."

"မင်းပဲလာချင်တာလေ...ရော့ရေသောက်
ဟိုနားကအရိပ်အောက်မှာခဏသွားထိုင်နေ..."

အအေးပိုင်းနိုင်ငံကကိုရီးယားလူမျိုးစစ်စစ်မို့
မြန်မာနိုင်ငံအလယ်ပိုင်းက အပူဆုံးဒေသရဲ့
အပူရှိန်သည် ဖောင်းကားနေသောပါးနှစ်ဖက်ကို
နီရဲလာစေကာပေါက်ထွက်သွားတော့မလိုဖြစ်နေပြီး
သွေးကြောရဲရဲလေးတွေကိုတောင်မြင်နေရသည်။

အတူတူလာသူငယ်ချင်းဖြစ်သူလက်ညိုးထိုးပြ
ရာနေရာသည် ဒီနယ်မြေ၏ထုထည်အကြီးဆုံး
ဖြစ်သောရှေးဟောင်းစေတီ၏ကြီးမားသောအပင်
ကြီးအောက်ကခုံတန်းလေးတစ်ခုကို.....။

Jimin သည်မြန်မာ့ရိုးရာရုပ်သေးရုပ်လေးတွေနဲ့
သစ်သားခုံတန်းနေရာလေးကိုလှမ်းကြည့်လိုက်သည်။
ပိုမောပန်းသွားသလိုစိတ်ထဲနင့်ခနဲ။

ဒီနယ်မြေကိုက အတိတ်တွေ သမိုင်းတွေ ဇာတ်အိမ်တွေ
နေရာတစ်ခုဆီမှာ ဖြစ်ရပ်တစ်ခုစီနဲ့ဖြစ်တည်နေတာမို့
စေတီပုထိုးဘေး အပင်ကြီးအောက်ကခုံတန်းရိုးရိုး
လေးကလည်း စိတ်ထဲကိုတစ်မျိုးတမည်။
ခုမှမဟုတ်ဘူး....သူစရောက်ထဲကကိုခရီးသွားနေရတယ်
ဆိုတဲ့Feeling ကိုမရနေဘဲ အလွန်အမင်းဝမ်းနည်းနေတာ။

1995Tempat cerita menjadi hidup. Temukan sekarang