🤎1995🤎(2)

3.9K 615 46
                                    

သာယာသောစောင်သံလေးကိုစစ်ထွက်ထဲကမကြားခဲ့ရတာကြာလှပေါ့။ခုတော့နေရာမှန်လူမှန်ပြန်ရောက်ခဲ့သလို
ကိုယ်ရံတော်စောင့်ကြပ်ရာ အိမ်ရှေ့မင်းသားနန်းဆောင်
ရှေ့ထိုင်စောင့်ရသောနေရာတွင်စစ်သူကြီးတစ်ဖြစ်လဲ
ကိုယ်ရံတော်ကြီးကအမှုထမ်းနေသည်။

မင်းသားလေးနန်းဆောင်ထဲမှာရှိနေတိုင်းဒီနေရာမှာ
နေပူပူမိုးရွာရွာဆောင်းလေတွေတိုက်တိုက်နှစ်ပေါင်းများ
စွာကျောက်ရုပ်တစ်ရုပ်လိုပဲကိုယ်ရံတော်ကြီးက
ငြိမ်ငြိမ်သက်သက်။ တိရိစ္ဆာန်တစ်ကောင်တောင်ဖြတ်သန်းခွင့်မပေးဘူး။နန်းဆောင်ပေါ်အသံကျယ်ကျယ် ငှက်မျိုးစေ့တွေပျံသန်းသွားတာမျိုးကိုတောင်
သိပ်သဘောမတွေ့လှသော ကာကွယ်သူ။
ခုပြန်အမှုထမ်းနေရတဲ့အခါလည်းဘာမှမပြောင်းလဲ
တင်းမာအေးစက်နေသောမျက်နှာနှင့်လှံတစ်ခုကိုင်ကာ
စောင့်နေသည်။

"လွန်ခဲ့သောရက်ပိုင်းတွေက
စပ်ထားတဲ့ကဗျာဖတ်ပြမယ် နားထောင်ကြည့်ချင်
လား.."

ယုံကြည်ရသောနန်းတွင်းသူလေးကိုမင်းသားလေး
ကလိုအပ်တာထက်ပိုကျယ်တဲ့အသံနှုန်းလေး
ဖြင့်မေးသည်။နန်းဆောင်တံခါးဝကကိုယ်ရံတော်ကြီး
ကြားဖို့ လုံလောက်သောအသံလေးပေါ့။
နန်းတွင်းသူလေးသည် ကိုယ်ရံတော်ကြီးနှင့်မင်းသားလေး
အားတစ်ချက်မျှအပြန်အလှန်ကြည့်လိုက်ကာ

"နားထောင်ချင်ပါတယ် မင်းသား...
ကျယ်ကျယ်လေးဖတ်ပြပေးပါ..."

မင်းသားလေးသည် အထာနပ်သောနန်းတွင်းသူ
လေးအားတော်တယ်ဆိုသောအကြည့်ဖြင့်
အသိအမှတ်ပြုကာ ပေလွှာကိုအသေအချာကိုင်သည်။
လည်ချောင်းကိုတစ်ချက်ရှင်းလိုက်ကာ

...ပေလွှာကိုင် ကလောင်ကိုင် ငိုင်ရင်း...
ငယ်ချစ်ကို ဘယ်ကစလွမ်းဆွတ်ရမလဲမသိ...
တိုင်းတစ်ခွင် ဥဩတွေသာတော့
နှလုံးအိမ်မယ် အလွမ်းပိုမိတယ်။

အသေပိတ်မှအသက်ရှင်မယ့်
အမှန်တရားတွေအတွက်
ဘယ်ပုထိုးမှာ သစ္စာတွေဆိုရလိမ့်မလဲ။
ပုဂံပြည်မှာ နေဝင်တိုင်း...
အန္တရာယ်ကွင်းပါစေလို့ပဲ..ဆုတောင်းခဲ့တယ်။

1995Where stories live. Discover now