အပိုင်း(၁)

12 0 0
                                    

"နှောင်းရေ....နှောင်း"

နှောင်းမနက်စောစောစီးစီးဘယ်သူပါလိမ့်လို့တွေးပြီးအိပ်ချင်မူတူးနဲ့မျက်လုံးကိုအတင်းဖွင့်ကြည့်လိုက်တော့ငယ်သူငယ်ချင်းဖြစ်သူ"ဆိုင်းမြင့်မိုရ်"...

ဆိုင်း-"နှောင်းရေ...ထတော့ဟာ..နင်ကလည်း‌ကျောင်းနောက်ကျမယ်ဟ"

နှောင်း-"အေးပါဆိုင်းရယ်.....ထပါပြီဟ...ငါညကအိပ်ယာ၀င်နောက်ကျသွားလို့ပါ"

ဆိုင်း-"ဘာလို့အိပ်ယာ၀င်တာနောက်ကျနေတာလည်း...မဟုတ်မှလွဲရော...နင်အလုပ်တေလုပ်နေပြန်ပြီလား....နင့်ကိုငါဘာပြောထားလဲနှောင်း...နင်မုန့်ဖိုးအတွက်လုပ်တာဆိုရင်ငါဆီကယူသုံးလို့ပြောထားတယ်လေ....ကျူရှင်ခအတွက်ဆိုရင်လည်းဆရာမကနင့်ကိုကျူရှင်ခမှမယူဘဲ...နင်ဟာလေ...ငါ့စကားကိုဆိုနားမထောင်ဘူး..."

နှောင်း-"မဟုတ်ပါဘူးဆိုင်းရာ....ငါညက စာလုပ်နေလို့ပါ"

ဆိုင်း-"အေးပါ...အဲ့တာဆိုလည်းရေသွားချိုးတော့..ကျောင်းနောက်ကျတော့မယ်"

နှောင်း-"အွန်း...အွန်း"

(စိတ်ထဲကပြောသည့်စကားများနှင့်အ‌ေတွးများကို(..)နှင့်ရေးပါမည်)

(နှောင်းအဲ့လိုသာလိမ်ပြောခဲ့ရတာတကယ်တော့နှောင်းညကအချိန်ပိုင်းအလုပ်လုပ်နေတဲ့KFCဆိုင်မှာလူအရမ်းကျနေတာနဲ့ဆိုင်ကိုနောက်ကျမှသိမ်းဖြစ်လို့အိမ်ပြန်နောက်ကျသွားတာ...အိမ်ရောက်တော့လည်းအိမ်အလုပ်လုပ်ရ...အိမ်စာလုပ်ရနဲ့နောက်ကျမှအိမ်ယာ၀င်ခဲ့ရတယ်...အဲ့ဒီ့အကြောင်းကိုသာဆိုင်းသိသွားလို့ကတော့ကျွန်တော့ကိုဆူလို့ပြီးမှာမဟုတ်တော့ဘူး....
ဆိုင်းရဲ့နာမည်က"ဆိုင်းမြင့်မိုရ်"...ကျွန်တော်နဲ့ဆိုင်းနဲ့ကအသက်6နှစ်ကတည်းကခင်ခဲ့ကြတာ....ဆိုင်းရဲ့အဖေကဆရာ၀န် ဒေါက်တာဦးကျော်မင်း...ဆိုင်းရဲ့အမေကတော့ကျောင်းဆရာမဒေါ်သီတာ....ဆိုင်းကတော့သူ့မိဘတွေရဲ့အချစ်တုံးတစ်ဦးတည်းသောသားလေးပေါ့....ဆိုင်းရဲ့ဘ၀ကပုံပြင်တွေထဲကမင်းသမီးလေးလိုပြည့်စုံသလောက်ကျွန်တော့ဘ၀ကတော့ဆန့်ကျင်ဘက်ပါပဲ...
ကျွန်တော့အဖေကနာမည်ကြီးလက်ဝှေ့သမားဦးသူရမောင်...အမေကတော့သာမာန်အိမ်ရှင်မတစ်ယောက်ပါပဲ...မေမေ့နာမည်ကဒေါ်နှောင်းမေတဲ့...ကျွန်တော်ကတော့သူတို့ရဲ့သား"နှောင်းသူရမောင်"....ရင်နှီးတဲ့သူတွေကတော့"နှောင်း"လို့ဘဲခေါ်ကြတယ်....
သားလို့သာပြောတာကျွန်တော့်ခန္ဓာကိုယ်မှာယောင်္ကျားလေးနဲ့တူတာဆိုလို့မရှိသလောက်ပါပဲ....အဲ့ဒါကြောင့်ပဲဖေဖေကကျွန်တော့်ကိုကြည့်မရတာ‌....ဒါမဲ့အားနည်းပြီးမိန်းကလေးတစ်ယောက်လိုနူးညံ့နေတာကျွန်တော့်အပြစ်မှမဟုတ်တာလေနော်....ဖေဖေကကျွန်တော့်ကိုဘယ်လောက်တောင်ကြည့်မရလဲဆိုရင်ကျွန်တော့်ကိုမုန့်ဖိုး၊ကျူရှင်ခနဲ့ကျန်တဲ့အသုံးစရိတ်တွေကိုတောင်ပေးတာမဟုတ်ဘူး...မေမေကလဲဖေဖေ့ကိုကြောက်တော့ဘာမှ၀င်မပြောရဲဘူးလေ...ကျွန်တော့်ဘာသာပဲအချိန်ပိုင်းအလုပ်လေးတွေလုပ်ပြီးငွေရှာရတာပေါ့...ဒါဗေမယ့်ကျွန်တော့ဆရာမဒေါ်နီလာကတော့ကျွန်တော့ကိုသနားလို့တဲ့ကျူရှင်ခမယူဘူး....အလကားသင်ပေးတယ်...ကျွန်တော်လည်းဆရာမကိုကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ပညာထူးချွန်အောင်သင်မယ်လို့စဉ်းစားထားတယ်...)

"နှောင်း"Where stories live. Discover now