Part 3

2.5K 212 27
                                    

Part 3

Apo အိပ်ရာမှမထသေးခင်မှာတင် နှာခေါင်းထဲရလိုက်တာက မပြင်းလို့ မချိုလွန်းတဲ့ ယောကျာ်းဆန်တဲ့ရေမွှေးနံ့တစ်ခု။

အိပ်ရေးမဝလို့ကျိန်းစပ်နေသေးတဲ့ မျက်လုံးတွေကို ကြိုးစားပြီး ဖွင့်နေတုန်းမှာပဲ နဖူးပြင်ထက်သို့နွေးခနဲ။

ဒီလိုအပြုအမူနဲ့ခုနကရမိတဲ့ရေမွှေးနံ့၊ ပေါင်းစပ်လိုက်ရင်  သူ့အနားမှာရှိနေတာ ဘယ်သူလဲဆိုတာ မေးခွန်းထုတ်စရာပင်မလိုတော့။

“အိပ်ရာကမထသေးဘူးလား Po”

နူးညံ့တယ်မဆိုသော်ငြား ခက်ထန်ခြင်းလည်းမရှိတဲ့ ရှတတအသံပိုင်ရှင်သာ P’Mile ကလွဲရင်တခြားသူမရှိ။

သူမျက်လုံးတွေကိုအကြမ်းပတမ်းပွတ်ပစ်တော့ သူက ခပ်တိုးတိုးရယ်ကာ Apo လက်တွေကိုဖယ်ပစ်သည်။

“ဘယ်လိုဖြစ်လို့ အဲဒီလောက်ပွတ်နေတာလဲ မျက်လုံးတွေနာလိမ့်မယ်”

“ကျုပ်မျက်လုံး ကျုပ်ပွတ်တာ ခင်ဗျားနဲ့ဆိုင်လား”

ခပ်စွာစွာပြန်ပြောလိုက်ပေမယ့် သူကတော့ ပန်းနဲ့ပေါက်သလိုပင် ရယ်မောတာမပျက်။

“Po က ခုတလော ကလေးပိုဆန်လာတယ်နော်။ ပြီးတော့ ဂျစ်တူးလေးဖြစ်လာတယ်”

မပွင့်တပွင့်မျက်လုံးနဲ့ ခပ်မှုန်မှုန်စိုက်ကြည့်လိုက်မိတော့ သူ့ကိုမျက်တောင်မခတ်တမ်းပြန်ကြည့်တဲ့ မျက်ဝန်းတွေက စူးရှတောက်ပလွန်းနေတာမို့ သူပဲမျက်လုံးအကြည့်လွှဲရသည်။

သူက မျက်ဝန်းချင်းဆုံမကြည့်ရဲတာ မဟုတ်ဘူးနော်၊ အိပ်ရာနိုးကာစမို့ မျက်လုံးတွေစပ်နေလို့။

“ခင်ဗျား ကျုပ်အခန်းကို စောစောစီးစီးဘာလာလုပ်တာလဲ”

“ကိုယ်နဲ့တွဲနေတဲ့ကောင်လေးအခန်းကို ကိုယ်လာတာပဲ ဘာဖြစ်လို့လဲ ပြီးတော့ ဒါက ကိုယ့်အိမ်ပဲလေ”

P’Mile စကားကြောင့် သူနှုတ်ဆိတ်ရသည်။ P’Mile ပြေတာာအမှန်ပဲလေ၊ သူအခုနေနေတဲ့အိမ်က P’Mile ရဲ့အိမ်ပဲမဟုတ်ပါလား။

မရည်ရွယ်ပဲ ရှုပ်ထွေးသွားတဲ့ဇာတ်လမ်းအချို့ကြောင့် သူဒီမှာနေနေရတာ ၁ လကျော် ၂ လလောက်တောင်ရှိရောပေါ့။

I am being engaged to my enemyWhere stories live. Discover now