6

220 18 2
                                    

"ခင်ဗျား ဒီမှာလာလုပ်နေတာလဲ အပြင်ထွက်ပြီး ဒီလိုတေလုပ်နေတာက ဘသူ့ကိုပြချင်တာလဲ"

"မောင်ဘာတေပြောနေတာလဲ ငါက......"

"တော်ပြီကွာ ဆက်မပြောနဲ့"

ဘယ်အချိန်ထိ မောင် ဟန်ဆောင်နေရမှာလဲ မောင့်လမင်းလေးရယ်
***********************************************

"မောင်"
နားထဲတိုး၀င်လာတဲ့Hyungအသံချိုချိုလေး

"ထတော့ မောင်ရဲ့ ဒီနေ့မောင် အိမ်ပြန်ရမှာ မဟုတ်လား ထ ထ ရေချိုး ငါ အင်္ကျီတွေ ပြင်ပေးထားမယ်နော်"

နဖူးပြင်လေးကို နမ်းကာ ကျနော်ဆိုလိုက်တာကြောင့် မောင်တယောက်လှုပ်လှုပ်ရွရွ ဖြစ်လာပါပြီ

ဟုတ်သားပဲ ဒီနေ့ ဖားသားကြီးဆီသွားရမယ့်နေ့ပဲ တခါမှ အဆက်အဆံမလုပ်ဖူးတဲ့သူနဲ့ အဆက်အဆံလုပ်ရတာ ခင်ဗျားကြောင့်ပဲ Park Jimin

"ထတော့ မောင် ဒီမှာ မောင်၀တ်ဖို့ အ၀တ်အစား ငါ အောက်မှာ အဆာပြေတခုခုပြင်ပေးထားမယ်"

"မလိုဘူး"

ပြန့်ကျဲနေတဲ့ အ၀တ်အစားတေ ကောက်သိမ်းရင်း
အောက်ထပ်ဆင်းသွားတဲ့မောင့်နောက်ကို အပြေးလိုက်လာမိသည်

"မောင် အင်္ကျီအရင်လဲလိုက်လေ"

"ဒီမှာ ခင်ဗျားတိတ်တိတ်နေလို့ မရဘူးလား ကျုပ်ကိစ္စတေမှာ ခင်ဗျား၀င်ရှုပ်စရာမလိုဘူး"

"မောင်"

***********************************************
"ဘလိုလဲ မင်းရဲ့Hyungဆိုတဲ့ ကောင်နဲ့"

"ဒါကို အဖေစိတ်ပူပေးစရာမလိုပါဘူး"

"ဟား ဟား ငါ့သားကတော့ ငါ့အတိုင်းပဲ ကောင်းပြီလေ လိုရင်းပြောမယ် မနက်ဖြန် ပါတီတခုရှိတယ် အဲ့ကို မင်းသွားရမယ် ငြင်းဖို့မကြိုးစားနဲ့ မင်းကတိမင်းတည်ပါ Jeon Jungkook"

"သွားရမှာပေါ့ ကျနော်မငြင်းပါဘူး အဖေ"

သူ့ကို ပိုင်ဆိုင်ရဖို့ အဖေ့ကို ကတိပေးခဲ့ရတယ် ကျနော့်အနားမှာ Hyungကို ရှိစေပြီး ဘသူမှ ဘာမှမလုပ်နိုင်အောင် စောင့်ရှောက်ပေးမယ်ဆိုရင် အဖေ့အလုပ်တေ ကျနော်အကုန်တာ၀န်ယူပေးမယ်ဆိုပြီး ပြောခဲ့တယ် ဒါ့ကြောင့် Hyungရဲ့ မင်္ဂလာပွဲနေ့မှာ အဖေ့ရဲ့လူမိုက်တေကိုငှါးပြီး Hyungကို ရအောင် ခေါ်လာခဲ့တယ်

Love is TrueWhere stories live. Discover now