Toxic (၁)

31 1 0
                                    

ကျွန်တော့်လက်ထဲမှာ ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားတဲ့ ဓားတစုံ နဲ့ သူ့ရဲ့ လည်မြိုကို အချက်ပေါင်း  များစွာ မရေ တွက်နိုင်အောင် အားပါးတရ ထိုးစိုက်နေမိတယ်။

ကြမ်းပြင် က သွေးအိုင်ထဲမှာ အသက်မဲ့နေတဲ့ ယောက်ျားသဏ္ဌာန် ခန္ဓာတခု ။

ကျွန်တော့် မျက်နှာနဲ့ ခန္ဓာကိုယ် အပေါ်ပိုင်း တခုလုံးလည်း သူ့ရဲ့ သွေးတွေနဲ့ ဖုံးလွှမ်းနေ‌တယ်...

ကျွန်တော်သူ့ကို မုန်းတယ်။
ဘယ်လောက်ထိ မုန်းလဲဆို

သူ့ကို သတ်ပစ်ချင်လောက်အောင် မုန်းတယ် ...
ကျွန်တော့် အပေါ် သူမကောင်းဘူး။

ကျွန်တော် သူ့အပေါ် ကောင်းခဲ့သလောက် သူက တော့ ကျနော့်ကို အသုံးချဖို့ သပ်သပ် ရွေးချယ်ခဲ့တယ်။

ကျွန်တော့်ခံစား ‌ချက်တွေ သူစိတ်မ၀င်စားဘူး။
သိပ်ကို တကိုယ်ကောင်းဆန်တဲ့လူ။

" ခများ သိပ်ကို တကိုယ်ကောင်းဆန်တယ် "
ခများ သိပ်ကို တကိုယ်ကောင်းဆန်တယ်။
ခွေးတိရိစ္ဆာန်ကောင် ... ခများကို ကျုပ်သတ်မှာ ... ကျုပ်အဖေကြောင့် ကျုပ် အရာရာ သည်းခံနေခဲ့တာ "

ခများဗျာ ... ဘာလို့ အဲ့လောက် အတ္တကြီးရတာလဲ?
ပါးစပ်က ချစ်တယ်ပြောပြီး သစ္စာတရားကို တန်ဖိုး မထားတဲ့ကောင် ...

ခများ ချစ်တဲ့သူ အပေါ်မှာလည်း သစ္စာ မရှိဘူး။

ကျုပ်ကို လည်း ခများလိုအပ်ရင် သုံးဖို့ အသုံးချခဲ့တယ်။

ခွေးတိရိစ္ဆာန် လူယုတ်မာ ...

လူယုတ်မာ ...

အား ...
ကျွန်တော် သူ့ကို
ဓားနဲ့ ထိုးစိုက်နေတဲ့ လက်အစုံဟာလည်း အခုနက ထက် ပိုမိုမြန် ဆန် လာပြီး သူ့ရဲ့ လည်ပင်း မျက်နှာ များနဲ့  ရင်ဘတ် တွေထိပါ မရပ်မနား ထိုးစိုက်နေမိတယ်။
ဒီနေ့လည်း သူသေသွားပြန်ပြီ။

ဒါ အိမ်မက်လား ... တကယ်လား.

အိမ်မက်လို့တော့ ထင်တာပဲ ။
ဒါပေမဲ့ တကယ် ဖြစ်နေသလိုလို ....

ဘာပဲ ဖြစ်ဖြစ်
သူ့ကို သတ်နေရရင် ကျွန်တော် ပျော်တယ်။
ဒီအခိုက်အတန့် အချိန်လေးဟာ ကျွန်တော့် အတွက် နိဗ္ဗာန် ဘုံပဲ။

အလင်းရောင်စူးစူး တခု .. မျက်လုံးထဲ ထိုးဖောက်၀င်ရောက်လာချိန် ... တင်းကြပ်စွာ ပိတ်ထားတဲ့ မျက်လုံးအစုံကို လက်နဲ့ကာရင်း ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်မိတယ်။

ညှီစို့စို့ အနံ့ လိုလို ... အရက်ပျံ အနံ့လိုလို ဆေးရုံ ဆေးခန်းတွေမှာ ရနေကြ အနံ့မျိုး နှာခေါင်းထဲကို တိုး၀င် လာခဲ့ပြန်တယ်။
" နိုးပြီလား "

အသံလာရာ ဆီကို ဖြေးဖြေးချင်း ခေါင်းကို လှည့်ကြည့်လိုက်တော့ ... ဂျုတီကုတ် အဖြူရောင်နဲ့ အမျိုးသား တယောက် ။

"အိမ်မက် တွေ မက်နေပြန်ပြီထင်တယ်။
နဖူးမှာလည်း ချွေးတွေ ထွက်လို့ ..."

ပြောရင်း ဆိုရင်း ထိုလူက သူ့လက်ထဲက တစ်သျူး ‌နဲ့ သူ့ရဲ့ နဖူးကို အသာအယာ ဖိ သုတ်ပေးနေပြန်တယ်။

ဘာမှ မသိတဲ့ သူတယောက်လို မျက်လုံးလေး ကြောင်စီစီ နဲ့ အခန်းအတွင်းရှိ အရာအားလုံးကို ကျီးကန်းတောင်း မှောက် သူ ကြည့်နေမိတယ်။

အဲ့ဒိ့နောက် အသာအယာ ငုတ်တုတ်ထ ထိုင်ရင်း ... ထိတ်လန့်တုန်လှုပ်သော မျက်လုံး အစုံနဲ့

" ရွှေရိုး က မသေသေးဘူးပေါ့ "

" ဒါပေါ့ "

You've reached the end of published parts.

⏰ Last updated: Apr 06, 2022 ⏰

Add this story to your Library to get notified about new parts!

ToxicWhere stories live. Discover now