(Unicode)
နောက်တစ်နေ့လည်းမိုးကရွာဆဲ ။ ဘယ်လောက်တောင်မိုးသည်းနေလည်းဆိုရင် မြို့ထဲက မြေနိမ့်ပိုင်းမှာရှိတဲ့နေရာတစ်ချို့ဆို ရေတောင်ကြီးနေသည်။
ဒီနေ့ကတော့ မိုးရွာတဲ့အပြင် လေပြင်းတွေပါတိုက်နေပြီး မိုးပါခြိမ်းနေလေသည် ။
ဒီလိုပုံစံမျိုးနေသာဆို ဒီနေ့ထမင်းရောဟင်းရောချက်ဖြစ်မှာမဟုတ်ပဲခေါက်ဆွဲပြုတ်နဲ့သာညားလိမ့်မည်။
ဘာမှမလုပ်ချင်လောက်အောင် အပျင်းကြောဆွဲနေတာကြောင့် ရှောင်းကျန့်ရဲ့အိမ်ကိုသွားလည်ဖို့စဉ်းစားလိုက်သည်။
ထမင်းတစ်နပ်လောက်ကျွေးလွှတ်လိုက်လည်း မနည်းဘူးလေ ။ ချက်စားရမှာ ပျင်းနေတာကိုး ။
ဒါပေမယ့် သူများအိမ်သွားစားရမှာအားနာတာကြောင့် မာမားလုပ်ပေးထားတဲ့ ဝက်သားချဉ်ဘူးကို ရှောင်းကျန့်အားပေးဖို့ ရေခဲသေတ္တာထဲက ထုတ်ကာ ယူလာလိုက်သည်။
သူများအိမ်မှာ ကပ်စားဖို့ ကိုယ့်အိမ်က ဝက်သားနဲ့ မျက်နှာလုပ်ရမည်။
........
တံခါးလာဖွင့်တဲ့ရှောင်းကျန့်က အကျီလက်ရှည်ဘောင်းဘီရှည်နှင့် ။ မျက်နှာက ခပ်နွမ်းနွမ်းဖြစ်နေကာ ပါးနှစ်ဖက်က အနည်းငယ် နီရဲနေသည် ။
ရိပေါ်မှန်းသိတော့ ပြုံးပြ၏။ မျက်လုံးတွေမှာ အစ်တစ်တစ်နှင့် ။
"နေမကောင်းဘူးလား ကျန့်ကော "
ဝက်သားဘူးလေးကိုပိုက်လို့ ရှောင်းကျန့်ရဲ့အိမ်ထဲဝင်လာလိုက်သည် ။
" အင်း ကိုယ်နည်းနည်းပူချင်နေတာ "
စောက်ကျိုးနည်းပြီလို့ပဲပြောရမလား ။ ဟင်းချက်ပျင်းလို့ သူများအိမ်လာပြီး ဂုန်းဆင်းပါတယ်ဆိုမှ အိမ်ပိုင်ရှင်က နေမကောင်းဖြစ်နေသည်တဲ့လေ ။
ဝက်သားဘူးပဲပေးပြီးပြန်ရင်ကောင်းမလားတွေးမိပေမယ့် ရှောင်းကျန့်ရဲ့ပုံစံကိုကြည့်ပြီး အတွေးတွေနောက်ပြန်ဆုတ်ကုန်သည်။ ဘာမှတော့မဆိုင်ပေမယ့် တစ်လုတ်စားဖူးသူ့ကျေးဇူးဆိုတာရှိထားဖူးတော့ သူ့ကိုဘာပြန်လုပ်ပေးရပါ့ ။ ဟင်းပဲချက်ပေးခဲ့ရမလား ။
![](https://img.wattpad.com/cover/306192728-288-k706365.jpg)
ESTÁS LEYENDO
ZERO MILE
FanfictionThe scariest thing in the world is getting something for nothing.