Ep - 14

1.2K 192 165
                                    

(Unicode)

" များများစားနော် ရိပေါ်။ တစ်နေ့တခြားပိန်လာတယ် "

ရှောင်းကျန့်ကပြောရင်းနဲ့ ရိပေါ်ကို ပုစွန်အခွံနွှာပေးလေသည်။ ကျန်းစစ်နန်ကတော့ တူကိုကိုက်ရင်း မေးပြုတ်ကျတော့မတတ်။

မြှားနတ်မောင်မလုပ်ရသေးဘူး ! ဒီကောင်ကြီးက ဒီကောင်လေးအပေါ် တကယ် မရ်ိုးသားစိတ်တွေဝင်နေပြီလား။

" ဟေ့ကောင် ငါ့ကိုရော ပုစွန် အခွံနွှာပေးလေ "

ကျန်းစစ်နန်က ရှောင်းကျန့်ကိုပြောလိုက်၏။

" လက်မပါဘူးလား။ ဖဲ့စားလေ "

ရှောင်းကျန့်က ကျန်းစစ််နန်ဘက်က်ို မျက်လုံးလှန်ကြည့်ပြီး ငေါက်စပ်စပ်ဖြင့် ပြောလေသည်။

ရိပေါ်က ရှောင်းကျန့်ဘေးမှာရှိပြီး ကျန်းစစ်နန်က ရှောင်းကျန့်နဲ့ မျက်နှာချင်းဆိုင်ထိုင်နေတာဖြစ်၏။

" တော်တော်မျက်နှာလိုက်တဲ့ကောင် "

ကျန်းစစ်နန်က ပွစိပွစိရေရွတ်တာ ထမင်းဆက်စားလေတော့သည်။ ရိပေါ်မှာလည်း နှစ်ယောက်လုံးကို အားနာတာကြောင့် ဝင်ပြောလိုက်ရတော့၏။

" ဟို ကျန့်ကော ... အဲ .. ကောကော ကျွန်တော့်ကို မထည့်ပေးနဲ့တော့။ ကိုယ့်ဘာက်ိုယ်နွှင်စားလို့ရပါတယ်  "

" မဟုတ်တာ။ ရိပေါ်က ဒဏ်ရာရထားတယ်လေ။ ကိုယ်ပဲလုပ်ပေးပါမယ် "

ကျန်းစစ်နန်မှာ မျက်ဖြူသာစိုက်ပြနိုင်တော့၏။

ဟိုကလေးကဖြင့် ဒဏ်ရာရတာက မျက်နှာပါ။ လက်ကျိုးနေတာမှမဟုတ်တာ။

အိမ်ရှေ့စံတို့ စောက်ပိုလုပ်တာ သြောချယူရမယ်မှန်း ကျန်းစစ်နန်လည်းမထင်မိခဲ့ပါ။

တော်ပါပြီ ! ဒီကရှေ့လျှောက် မြှားနတ်မောင်လည်းလုပ်မပေးနိုင်တော့ပါ။

အိမ်ရှေ့စံက သူကိုယ်တိုင်ပဲ လှုပ်ရှားနေပြမဟုတ်ပါလား။

ဟောဒီကကျန်းစစ်နန်က တကယ်တမ်းလူပိုကြီးပါပဲ။

ရိပေါ်လည်း ထမင်းစားနေရင်းမှ မထင်မှတ်ပါပဲ အပြင်ဘက်ကိုလှည့်ကြည့်မိလိုက်သည်။

ZERO MILE Where stories live. Discover now