~Chapter 2~

35 4 3
                                    

အထပ်နှစ််ဆယ်ရှိတဲ့အဆင့်မြင့်တိုက်ခန်းရဲ့ဓာတ်လှေကားကိုရေးကြီးသုတ်ပျာဖြင့်ပြေးလာသည့်ကောင်လေးတစ်ယောက်။

ကောင်လေးပုံစံကြည့်ရတာလည်းဘယ်လောက်တောင်အလျင်လိုနေသည်မသိ။ဓာတ်လှေကားခလုတ်ကိုအမြန်နှိပ်နေပြီးလက်တစ်ဖက်မှာလည်းtote bagလေးနဲ့။ပါးစပ်မှာလည်းပေါင်မုန့်လုံးကိုကိုက်ထားပုံပေါက်ရင်ကောင်လေးကမနက်စာတောင်ကောင်းကောင်းမစားလာရသည်ပုံပင်။

မိနစ်ပိုင်းလောက်ကြာတော့မှသူစောင့်မျှော်နေခဲ့သည့်ဓာတ်လှေကားတံခါးဟာပွင့်လာခဲ့သည်။ဓာတ်လှေကားပွင့်ပွင့်ချင်းမှာပဲအမြန်ဝင်လိုက်ပြီးအောက်ထပ်ခလုတ်ကိုနှိပ်ကာတိုက်ခန်းထဲမှထွက်လာလိုက်သည်။တိုက်ခန်းရဲ့အောက်ထပ်ဆင်ဝင်ရှေ့ကိုရောက်တော့ခင်မင်ရင်းနှီးနေပုံရသည့်သန့်ရှင်းရေးဦးလေးကြီးမှ

"ဟေ့....Junmin nah....အလုပ်သွားတော့မှာလား"

ဟုလှမ်းအော်မေးတော့Junminဆိုသည့်ကောင်လေးကပေါင်မုန့်လေးကိုက်ရင်းနောက်လှည့်ပြီးခေါင်းငြိမ့်ပြလေသည်။

သူဘယ်လောက်ပဲရှိသမျှအားတွေအကုန်ထုတ်သုံးပြီးအမြန်ပြေးပါစေ busကားကိုတော့လုံးဝမမှီတော့ပါ။နောက်ထပ်လာဖို့စောင့်ရင်လည်းနာရီဝက်လောက်ကြာဦးမှာမလို့Junminတစ်ယောက်ပိုက်ဆံအပိုကုန်ခံပြီးtaxiငှားဖို့ရန်အကြောင်းဖန်လာပါတော့သည်။

မနက်ခင်းစောစောထရမှာကိုလျစ်လျူရှုပြီးညတွေစာဖတ်ကောင်း ဇာတ်ကားကြည့်ကောင်းလိုက်တာအခုတော့ပိုက်ဆံမကုန်သင့်ဘဲအပိုထပ်ကုန်ရတော့မည့်သူ့ရဲ့အဖြစ်ကိုတွေးရင်းJunminတစ်ယောက်ပေါင်မုန့်လေးဝါးကာtaxiတားရပါတော့သည်။

"ဟူး......ဒီနေ့မှဘာလို့taxiတွေတစ်စီးမှမအားကြတာလည်း"

သူ့ဟာသူစိတ်ပျက်လက်ပျက်ရေရွတ်လိုက်ရင်းဆိုင်ထိကိုလမ်းပဲလျှောက်သွားရင်ကောင်းမလားစဥ်းစားနေမိသည်။နောက်busကားစောင့်ရင်လည်းကြာဦးမည်လေ။ဖွင့်တာတောင်သိပ်မကြာသေးတဲ့သူ့ရဲ့ဆိုင်လေးကိုအခုလိုမျိုးနောက်ကျမှဖွင့်တာမျိုးတော့မလုပ်ချင်ပါ။ဒါကြောင့်သူဝေခွဲမရဖြစ်နေစဥ်မှာပဲမျက်လုံးကသွားတွေ့မိလိုက်သည့်လမ်းဘေးမှာချရပ်ထားသောကားတစ်စီး။

I'm still Love YouWhere stories live. Discover now