~Chapter 7~

30 3 2
                                    

♡သက်ဆိုင်သူ♡

"သခင်လေး!!!! သခင်လေး!!!!"

မနက်စာကိုအေးဆေးစားနေရင်းတန်းလန်းမှာတင်လူယုံဖြစ်သူဟာအပြေးအလွှားဖြင့်အလန့်တစ်ကြားခေါ်လာသော​ကြောင့်Donghwaအနည်းငယ်လန့်သွားလေသည်။

"ဘာလည်းအလန့်တစ်ကြားနဲ့"

"ဟို....ဟိုလေ......ကျွန်တော်တို့စက်ရုံနံပါတ်3ကပျက်စီးမှုဖြစ်သွားတယ်တဲ့"

"ဘာ!!!!"

Donghwaရုတ်တစ်ရက်ကြားလိုက်ရသည့်စကားကြောင့်စားပွဲကိုတောင်အားဖြင့်​ဆောင့်ကာထုလိုက်ပြီးမတ်တပ်ရပ်မိလိုက်သည်။

"ဘယ်လိုဖြစ်တာတဲ့လည်း!!!"

"အဲ့တာတော့အဖြေရှာနေကြတုန်းပါပဲ...ဒါထက်ပိုအရေးကြီးတာကအခုCompanyမှာရှယ်ယာရှင်တွေအကုန်ရောက်နေကြတယ်လို့ပြောပါတယ်အဲ့တာသခင်လေးကိုလာခေါ်ခိုင်းလို့ပါ"

လူယုံဖြစ်သူကတော့သူပြောစရာရှိတာကိုတာဝန်အရပြောပေမဲ့ဒေါသထွက်နေသည့်Donghwaမှာတော့စားပွဲပေါ်တင်ထားသည့်သူ့ရဲ့လက်ကိုတင်းတင်းဆုပ်ထားမိလျက်။အံကြိတ်ထားမိသည်မှာလည်းလည်ပင်ကသွေးကြောများတောင်ထင်းနေလေသည်မလို့အိမ်ထဲရှိလူယုံအပါအဝင်အိမ်အကူတွေအားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။

"ငါကိုယ်တိုင်ပဲကားမောင်းတော့မယ်!"

ဟုဆိုကာခုံလက်တန်းပေါ်ရှိသူ့ရဲ့ကုတ်ကိုဆွဲယူလိုက်ပြီးကားသော့လည်းယူကာအိမ်မှCompanyသို့ထွက်လာလိုက်လေသည်။
............

"CEO Yangဒိကိစ္စကိုဘယ်လိုဖြေရှင်းပေးမှာလည်း!!!"

Yang Group Companyရဲ့အပေါ်ဆုံးထပ်,အစည်းဝေးခန်းတွင်ရှယ်ယာရှင်ဆယ်ယောက်နဲ့အတူDonghwaတို့ရှိနေကြလေသည်။

အခန်းတွင်းမှာairconလည်းဖွင့်ထားပြီးမှန်ပြတင်းပေါက်ကနေလည်းလေဝင်ပေါက်ရှိနေပါသော်လည်းအပူချိန်ကာဒေါသရှိန်ကြောင့်မြင့်တက်လို့နေလေသည်။

"ကျွန်မတို့ကCEO Yangကိုငယ်ရွယ်ပေမဲ့တော်လို့ယုံကြည်လို့ဆိုပြီးပုံအပ်လိုက်မိတာအခုတော့မှားပြီထင်ပါတယ်"

I'm still Love YouWhere stories live. Discover now