Ep. 4

1.6K 179 4
                                    

အခုဆိုဂျောင်ကု ကနေဒါကို ရောက်နေတာ တစ်လပင်ရှိပြီဖြစ်သည် သခင်လေးနဲ့ဆက်ဆံရေးကလည်း အရမ်းကြီးတင်းမနေတော့ပေမဲ့ အရမ်းကြီးလည်းလျော့မနေ အရင်ကထက်စာရင်တော့ သခင်လေးက သူ့အပေါ်အများကြီးကောင်းလာသည်

If I can't Be Close To
You~~~~~~~~~~~~~~~~

ဖုန်းသံမြည်နေတာကြောင့် ကိုင်လိုက်မိသည်

''Hello''

တစ်ဖက်ကကြားလိုက်ရတဲ့အသံမာမာက တွေးကြည့်စရာမလို
သခင်လေး၏အမေဖြစ်သူ

''ဟုတ်ကဲ့ သခင်မကြီး''

''ငါ့သားနေကောင်းလား စာတွေကောသေချာလုပ်လား အပြင်ကိုလုံးဝမထွက်ခိုင်းနဲ့ ဘယ်နေရာကိုသွားသွား မင်းလိုက်သွားကမယ်ငါ့သားကိုခြစ်ရာတစ်ခုလေးတောင်မဖြစ်စေချင်ဘူး''

''စိတ်ချပါ သခင်မကြီး''

''ကောင်းပြီလေ ဒါဆိုဖုန်းချလိုက်တော့မယ် မင်းရဲ့လစာကို အကောင့်ထဲကိုလွှဲပေးထားတယ် ဂျွန်ဂျောင်ကု''

''ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ''

ထို့နောက်ပြတ်တောက်သွားသောဖုန်းလိုင်း

''ဟူးး''

ဂျောင်ကုသက်ပြင်းရဲ့ရဲ့ချလိုက်မိသည် ဘယ်လိုအမေမျိုးပါလိမ့်
ဂုဏ်သိက္ခာဆ်ိုတဲ့အရာကိုသာရှေ့တန်းတင်နေတာဘဲ သားဖြစ်သူကကိုကျတော့ ပစ်ထားပြီးတော့များ သခင်လေးအခုလိုအေးစက်စက်ဖြစ်နေခြင်းသည် သခင်လေးအမေကြောင့်လည်းပါမည်ဟုဂျောင်ကုတွေးလိုက်မိသည်

''ဂျောင်ကု ဂျောင်ကု''

အပေါ်ထပ်ကနေအော်ကာဆင်းလာတဲ့သခင်လေး
နည်းနည်းရင်းနှီးပြီးတဲ့နောက်မှာတော့ သခင်လေးကသူ့အား ဂျောင်ကုဟုသာခေါ်တော့သည်

''ဗျာ သခင်လေး''

''ငါဗိုက်ဆာတယ်''

''ဟုတ်လား သခင်လေးကဘာများစားသုံးချင်လို့လဲဗျ''

ဂျောင်ကုခပ်စစလေးပြောလိုက်တော့ သခင်လေးက မျက်မှောင်ကြီးကျုံ့ကာကြည့်ပြီး

''မင်းလုပ်တဲ့ ဆူရှီစားချင်တယ်''

''ကောင်းပါပြီးဗျ ခနလေးစောင့်ပေးပါ ကျွန်တော်အခုဘဲလုပ်ပေးပါ့မယ်''

My Love in CANADA(Complete) Where stories live. Discover now