မနက်ခင်းနေရောင်ခြည်နုနုလေးက အိပ်ခန်းတွင်းအိပ်မောကျနေတဲ့ထယ်ယောင်းရဲ့ မျက်နှာနုနုလေးပေါ်ကိုခစားသည်
နေရောင်ခြည်ရဲ့အပူဒဏ်ကြောင့် ထယ်ယောင်းမှာလူးလွန့်ကာနိုးလာတော့သည်
အပြင်းကြောတစ်ချက်ဆန့်ကာ ထထိုင်လိုက်သည်
ရေမိုးချိုးသန့်စင်ကာ အောက်ကိုဆင်းလာတော့ မီးဖိုချောင်ထဲမနက်စာလုပ်နေတဲ့ဂျောင်ကုကိုတွေ့တော့ ပြုံးမိပြန်သည်''မောနင်း ဂျောင်ကု''
''မောနင်း သခင်လေး နိုးလာပြီလား ဒီနေ့အစေားကြီးနိုးတာပေါ့ ကျွန်တော်က မနက်စာလုပ်ပြီးမှလာခေါ်မလို့ကို''
''ငါကောဘာကူလုပ်ပေးကမလဲ''
''ဘာမှမလုပ်ပါနဲ့ ထိုင်သာထိုင်နေ စားပွဲမှာ''
''မင်းမလုပ်ခိုင်းတာနော် ငါ့အပျင်းကြီးတယ်လာမပြောနဲ့ပြီးမှ''
''ဟားဟား မပြောရပါဘူး ''
''ဦးလေးကြီးကော ''
''ဦးလေးကြီးက ဒီနေ့ ဆိုယောင်းတို့ဆိုယွန်းတို့နဲ့ ဟင်းချက်စရာတွေကုန်နေလို့ မားကတ်ကိုသွားတယ်''
''အော် အင်း ဘာမုန့်လုပ်ထားတာလဲ ဂျောင်ကု''
''ကင်မ်ချီထမင်းကြော်နဲ့ ကင်မ်ချီကျီဂဲ ဟင်းရည်လေးပါ''
''ဝါးးး ငါအဲ့တာမျိုးတွေမစားရတာတော်တော်တောင်ကြာနေပြီ မင်းရောက်လာမှဘဲ စားရတော့တယ်''
''သခင်လေးစားချင်ရင် ကျွန်တော်ကအများကြီးလုပ်ကျွေးမှာပေါ့''
''ကတိပေး''
စားပွဲကနေထကာ အနားကိုရောက်လာပြီး လက်သန်းချင်းချိတ်ပြီးကတိတောင်းနေပုံက တကယ့်ကလေးပေါက်တွေလို
ကျေနပ်အောင် လက်သန်းသေးသေးလေးကိုချိတ်ပေးလိုက်တော့ ပြုံးပြကာ ပြန်သွားထိုင်နေသည်မနက်စာရပြီမို့ပန်းကန်ထဲသပ်သပ်ရပ်ရပ်ထည့်ကာ နှစ်ယောက်စာပြင်ခဲ့လိုက်သည်
သခင်လေးရှေ့ချပေးတော့ ပါးစပ်တပြင်ပြင်နဲ့
''စားလို့ရပါပြီ''
''အား ပူတယ်''
'' လျှာတွေဘာတွေအပူလောင်ကုန်မှဖြင့် သခင်လေးရယ် ဟင်းရည်ကအခုမှချထားမို့ပူလောင်နေတဲ့ဟာကို
ဒီကိုပေး ကျွန်တော်မပူအောင်လုပ်ပေးမယ်''