Chapter-4

19.3K 2K 104
                                    

~Unicode~

{ NSFW content !!!
18+ rated ပါ ။ Ni Jiu ရဲ့ကားတွေက နည်းနည်းကြမ်းပါတယ် ။ မဖတ်နဲ့လို့ တားလို့ရမယ့် ကိစ္စမျိုးမဟုတ်လို့ စဉ်းစားချင့်ချိန်ပြီးဖတ်ပါလို့ပဲ တိုက်တွန်းချင်ပါတယ် ။ Read at your own risk !!!}

အိပ်ရာခေါင်းရင်း၌ တပ်ဆင်ထားသော မီးအိမ်မှနေ၍ နွေးထွေးသော အလင်းရောင်လေးတစ်သွယ် ဖြာကျနေခဲ့ကာ လူငယ်လေး၏ မျက်ဝန်းအောက်ခြေရှိ မျက်ရည်ကြည်များပေါ်သို့ အလင်းပြန်နေခဲ့သည် ။

လူငယ်လေးက သူ၏ မျက်လုံးများအား အနည်းငယ်မျှ စောင်းငဲ့လိုက်ပြီး ထိုလူ၏ တောင့်တင်းလှသော ပုခုံးများအား ဝေဝေဝါးဝါး မြင်နိုင်နေခဲ့ကာ သူ၏ နားရွက်ထက်တွင်လည်း ထိုသူ သူ၏ နားသန်သီးလေးထက်သို့ နမ်းရှိုက်သွားစဉ်တုန်းက ကျန်ရစ်ခဲ့သည့် တံတွေးအနည်းငယ်တို့ကြောင့် စွတ်စိုနေခဲ့ပါ၏ ။

လျန်ကျွယ်၏ လက်မောင်းကြွက်သားများက ခေါင်းအုံးဘေးနှစ်ဖက်၌ ထောက်ကန်ထားရခြင်းကြောင့် တောင့်တင်းနေခဲ့ကာ သူ၏ ခိုင်မာလှသော ရင်အုံကလည်း သူ့အောက်ရှိ လူငယ်လေးပေါ်သို့ ဖိနှိပ်ထားခဲ့ရင်း ကြမ်းတမ်းအလျင်လိုနေသည့် အမူအရာနှင့် ဆန့်ကျင်ဖက်ဖြစ်စွာ အေးဆေးကာ နူးညံ့သော ရနံ့လေးက သူ၏ ခန္ဓာကိုယ်ထက်မှ ထွက်ပေါ်နေခဲ့လျက်သား ။

ထိုကောင်လေးက ကြောင်အအနှင့်ပင် လျန်ကျွယ်၏ နောက်ကျောထက်သို့ ပွေ့ဖက်လာခဲ့သော်လည်း တစ်ဖက်လူ၏ လက်ဖဝါးက သူ၏ ရှပ်အင်္ကျီထဲသို့ တိုးဝင်လာခဲ့သည့်အချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိ ခက်ခက်ခဲခဲ ဖိနှိပ်ထားရသော ပူလောင်မှုတို့က ပွင့်အန်ထွက်လာခဲ့လေသည် ။ ထိုထူထဲလှသော မျက်တောင်ရှည်တို့က သူ့အား အနိုင်ကျင့်ကလူနေသည့် သူထံသို့ လှမ်းကြည့်နေခဲ့လျက် အသက်ရှုသံတို့ကလည်း ပို၍ ပြင်းထန်လာခဲ့ပါတော့၏ ။

ဘီတာတစ်ယောက်နဲ့ လုပ်တာက heat ကို အဆင်ပြေစေပါ့မလား ?

ထိုကောင်လေးက ဘာမှမသိပါတော့ချေ ။ သူ့အနေနှင့် အိုမီဂါတစ်ယောက်ဖြစ်ကြောင်း သိခဲ့ရသည့်အချိန်တုန်းက အနာဂတ်တွင် အယ်လ်ဖာတစ်ယောက်အား လိုအပ်လာမည်ဖြစ်ကြောင်း နားလည်ခဲ့ပါသည် ။ ထိုအယ်လ်ဖာက ရုပ်ချောနေစရာ အားကောင်းနေစရာမျိုး မလိုအပ် ။ သူတို့နှစ်ဦးထံ၌ မြင့်မားသော ကိုက်ညီမှုရှိနေသ၍ ၊ ထိုသူထံတွင် စက်ဆုပ်စရာကောင်းသော ရနံ့မျိုး ရှိမနေသ၍ ထိုအယ်လ်ဖာအား လက်ခံနိုင်မည်ဖြစ်သည် ။

ယစ်မူးပျော်ဝင်ခြင်း║မြန်မာပြန် 『Completed 』Where stories live. Discover now