Chapter-33

11.9K 1.8K 125
                                    

~Unicode~

" ဖေဖေ... ဒီနွေရာသီပိတ်ရက်ကျ ကျောင်းက အင်္ဂလိပ်စာသင်တန်းရှိလို့... သားတက်လို့ ရလားဟင် ?"

ခမ်းထုန်မှာ အခုလေးတင်မှ ရေချိုးပြီးခြင်းဖြစ်ကာ အဒေါ်ကြီးက သူ၏ဆံပင်များအား ဒရိုင်ယာဖြင့် လေမှုတ်ပေးနေခြင်းဖြစ်သည် ။ ဖုန်းအားလက်ဖြင့် ကိုင်ထားရင်းနှင့် စခရင်ထက်မှ လျန်ကျွယ်၏ပါးစပ်လှုပ်သံအား ကြည့်လိုက်ပြီးနောက်တွင် နားနားကပ်ကာ ပြောလာသည် ။

" အာ... ဘာပြောတာလဲဟင် ? သားမကြားလိုက်ရလို့ "

အဒေါ်ကြီးက သူ၏ဆံပင်အား မစိုမခြောက်အနေအထားအထိ လေမှုတ်ပေးပြီးနောက်တွင် လက်ဖြင့်ဖွပေးလာရင်း အပြုံးတစ်ခုနှင့်အတူ ပြောလာသည် ။

" အဖေနဲ့အရင် video call ပြောလိုက်ဦးနော်... ခနနေ အိပ်ခါနီးမှ ဆံပင်ကို ထပ်ပြီး လေမှုတ်ပေးမယ် "

ထိုအချိန်မှသာ ခမ်းထုန်က လျန်ကျွယ်၏စကားအား ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည် ။ လျန်ကျွယ်က ခွင့်ပြုချက်မပေးမီ ထိုနွေရာသီသင်တန်း၏ အချက်အလက်များအား ပို့ပေးရန် ပြောနေခြင်းပင် ။

ခမ်းထုန်က နာနာခံခံနှင့်ပင် ခေါင်းညိတ်လိုက်ပြီးနောက် အတန်း၏ group ထဲမှနေ၍ ထိုသင်တန်းအကြောင်း ပေးပို့ထားသည့် အချက်အလက်များအား download ဆွဲလိုက်ကာ လျန်ကျွယ့်ထံ ပြန်ပို့ပေးလိုက်သည် ။

လျန်ကျွယ်က ထိုအချက်အလက်များအား ကြည့်လိုက်ပြီးနောက် ‌အန္တရာယ်များသည့် ကိစ္စရပ်များမပါဝင်ကြောင်း အတည်ပြုလိုက်ပြီးမှသာ ခမ်းထုန်ထံပြန်ပြောလာသည် ။

" ရတယ် "

Video call ချသွားချိန်တွင် လျန်ကျွယ်က အခုလေးတင်မှ ဆေးရုံကပို့ထားသည့် WeChat မက်ဆေ့ခ်ျအား ဝင်ကြည့်လိုက်သည် ။ တစ်ဖက်လူက ယခုအပတ်အတွက် ရှန်ထင်ဝေ့၏ ဆေးစစ်ချက်ရလဒ်များအား တင်ပြထားခြင်းပင် ။ ရှန်ထင်ဝေ့၏ ခန္ဓာကိုယ်အခြေအနေမှာ ကိုယ်ဝန်ရှိစတုန်းကထပ်တော့ ပို၍ ကောင်းမွန်လာပြီဖြစ်သော်လည်း လက်ရှိမှာ ကိုယ်ဝန်ဆောင်သည်များအနေနှင့် ပုံမှန်ထပ်ပို၍ စိတ်အတက်အကျဖြစ်လွယ်သည့် အချိန်မျိုးဖြစ်ရာ မိသားစုဝင်များအနေနှင့် အတူတူအချိန်ဖြုန်းပေးသင့်ကြောင်း ပြောပြထားသည် ။

ယစ်မူးပျော်ဝင်ခြင်း║မြန်မာပြန် 『Completed 』Where stories live. Discover now