4❤️

640 83 4
                                    

Unicode

တစ်ခါတစ်လေမှာ ကျွန်တော်တို့က အချစ်ဆိုတဲ့အရာကို အမှုမဲ့အမှတ်မဲ့ နေတတ်ကြတယ်
ခံစားချက်တွေကို ကိုယ်တိုင်မသိခဲ့တာတွေကြောင့်လဲ ဖြစ်နိုင်သလို
သိသိလျက်နဲ့ ဝန်ခံဖို့ ဝန်လေးနေတာကြောင့်လဲ ဖြစ်နိုင်လိမ့်မယ်

"ဂျင်ဟျောင်း ကျွန်တော် စိတ်ညစ်နေတယ် ခု အားရင် ....အဲ့ဆိုင်ကို လာခဲ့ပေး ခုချက်ချင်းနော်"

ဂျင်ဟျောင်းက ကျွန်တော့်အကို တစ်ဝမ်းကွဲလေ
သူက အပျော်တမ်း ဓာတ်ပုံဆရာ တစ်ယောက်ပေါ့
ဟျောင်းက ကျွန်တော့်အကို အရင်းတစ်ယောက်လိုပဲ အမြဲလိုလို ကျွန်တော် စိတ်ညစ်လို့ တိုင်ပင်စရာရှိတိုင်း ဟျောင်းကို လှမ်းခေါ်နေကျ
ကျွန်တော် ဆိုးလို့ရတာ ဂျင်ဟျောင်းရယ် ပြီးတော့ ဟိုပုသေးသေးလေးရယ်ပဲ ရှိတာလေ

"ဟူး မောလိုက်တာ ငါ့ကိုအသည်းအသန်ခေါ်ပီး ဘာဖြစ်ရပြန်တာလဲ ပြော "

"ဟျောင်း ..... ဟျောင်း သဝန်တိုဖူးလား အဲ့ခံစားချက်ကို ပြောပြပါလား"

"သဝန်တိုဖူးလားဆိုတော့ အွင်း ငါ့အရင်ရည်းစားနဲ့တုန်းကတော့ တိုဖူးတယ်
ဒါနဲ့ မင်းက ဘာလို့မေးတာလဲ
ဒါလေးမေးဖို့ခေါ်တာလားငါ့ကို"

"မဟုတ်ပါဘူး ဟျောင်းကလဲ သိချင်တာတွေအများကြီးရှိလို့ဗျာ အဲ့တာဘယ်လို ခံစားချက်လဲ သိချင်လို့ စကားမရှည်ဘဲ ပြောပြစမ်းပါ ဟျောင်းရာ"

" မင်းချစ်သူကို တစ်ခြားတစ်ယောက်နဲ့ မြင်ရတာတို့ တစ်ခြားတစ်ယောက်နဲ့ ပျော်နေပီး မင်းကို လျစ်လျူရှုထားတာတို့ မင်းထက်အရင် တခြားတစ်ယောက်က သူ့အကြောင်းပိုသိနေတာမျိုးတို့ ဒါမျိုးဆို သဝန်တိုတာပဲပေါ့ ဘာခက်လို့"

"ဟျောင်း သူငယ်ချင်းကိုလဲ သဝန်တိုလို့ရတယ်မလား"
(P.S - Taehyung ကလေ jimin ကို ခုထိ သူငယ်ချင်းလို သဝန်တိုတာ ချစ်တာလို့ပဲ ထင်နေသေးတာပါနော်
ဒါကြောင့် သူက ခံစားချက်ကို သေချာချင်နေတာပါ )

"တိုလို့ရပါတယ် ဒါမယ့် သူငယ်ချင်းအချင်းချင်း သဝန်တိုတာနဲ့ ချစ်သူချင်း သဝန်တိုတာကျတော့ ကွာတယ်နော်"

95's Diary 💟Where stories live. Discover now