Final ❤

848 75 4
                                    

Unicode

"မင်းကိုငါချစ်မိနေပီထင်တယ် ဂျီမင်း"

အားလုံးက ထင်ကြမှာပေါ့ အချစ်အားလုံးက ထယ်ယောင်း အစပျိုးခဲ့တာလို့ပေါ့

ဘယ်သူသိမလဲ ခံစားချက်တွေ စပြောင်းလဲလာခဲ့တာ ကျွန်တော်ကဆိုတာ
(ယူတို့လဲ မထင်ထားဖူးမလား 🤣)

သူငယ်ချင်းဆိုတဲ့ သံယောဇဥ်တွေက အချိန်ကာလတစ်ခုမှာ အဆင့်ပိုနေမှန်းကို ကျွန်တော် ရိပ်မိခဲ့တာကြာပီပေါ့

တစ်ချိန်က...........

အဲ့နေ့က ကျွန်တော်နဲ့ ထယ်ယောင်းတို့ ရန်ဖြစ်ခဲ့ကြတယ်
ဖက်ထုပ်တစ်ခုကြောင့်ပေါ့
ထယ်က Jumbo Dumpling ကို သိပ်ကြိုက်တာလေ
ကျွန်တော်နဲ့ သူနဲ့ အဲ့ဆိုင်မှာ ဆုံဖို့ ချိန်းခဲ့ကြတယ်

ဖြစ်ချင်တော့ ထယ်က စောင့်နေပေမယ့် ကျွန်တော်အရေးကြီး ကိစ္စရှိလို့ မသွားနိုင်ခဲ့ဘူး
ခပ်ပေါ့ပေါ့ပဲ ပြောခဲ့မိတယ်
ထယ်ရေ ငါမလာနိုင်တော့ဘူး ဆောရီး ဆိုပြီးတော့ပေါ့

ဒါမယ့် ထယ်က အရမ်းစိတ်ကောက်သွားခဲ့တယ်လေ
အဲ့နေ့က သူဗိုက်ဆာနေပေမယ့် ဘာမှမမှာဘဲ ကျွန်တော့်ကို ထိုင်စောင့်နေရလို့တဲ့လေ
ကျွန်တော်သူ့ကို ပြန်ရှင်းပြတော့လဲ သူကရှင်းပြခွင့်မပေးဘူး

ကျွန်တော်က ထယ် ဖတ်ထုပ်‌ဆိုင်မှာ ဖြစ်ခဲ့တာတွေကို သိမှမသိခဲ့မိတာကိုး

အဲ့နေ့က ဖတ်ထုပ်ဆိုင်မှာ စောင့်နေရင်း ထယ့်နောက်မှာ ထိုင်နေတဲ့ ကောင်လေးတစ်သိုက်က ကျွန်တော့်ကို လိင်ပိုင်းဆိုင်ရာ နားမဝံ့မသာ စကားတွေ ပြောခဲ့တယ်တဲ့လေ

"ဟေး မင်းတို့ အဲ့အတန်းက ဂျီမင်းကိုသိလား ,
သိတာပေါ့ ဟိုကောင်လေးမလား ,
အေးလေ ,
ကောင်မလေးတွေတောင် သူ့လောက်မလှဘူး,
ခါးလေးက သေးသေးလေး ပြီးတော့ ငါသာသူ့ကိုပိုင်ရရင်တော့ကွာ ,
ဟေ့ကောင်မင်းသူ့ကို ကြံချင်နေတာလား ,
ငါကသူ့ကိုယ်လေးကိုကြိိတ်ချင်တာ"

အဲ့လိုစကားတွေကြောင့် အဲ့လူတွေနဲ့ ရန်ဖြစ်ခဲ့တယ်တဲ့လေ

ကျွန်တော်အတန်တန်ပြောထားရက်နဲ့ မျက်နှာပေါ်က ဒဏ်ရာတွေကြောင့် ဒေါသစောနဲ့ ထယ်ထယ့်ကို စိတ်တိုတိုနဲ့ ပြောမိပြောရာပြောခဲ့တာပေါ့

95's Diary 💟حيث تعيش القصص. اكتشف الآن