အမှာစာ

92 12 2
                                    

(Unicode)

မင်္ဂလာပါရှင့်...စာရေးသူ တေးဆက်နှင်းဆီပါ။ နှင်းဆီရဲ့ တတိယမြောက်Osလေးအတွက် အမှာစာလေးပါရှင့်။

အချစ်မြဲစေ လေးက နှင်းဆီအတွက်သာမန်ဇာတ်လမ်းတစ်ပုဒ်ဆိုတာထက် ပိုထူးခြားပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ရေးသားသူကနှင်းဆီဆိုပေမယ့် ဒီစာမူလေးကိုပိုင်ဆိုင်သူက သပ်သပ်ပါ။

ဒီစာလေးကိုဖတ်တဲ့အချိန်မှာ ထူးခြားတဲ့ခံစားချက်လေးတွေရအောင် ပုံဖော်ထားတာလေးတွေရှိပါတယ်။ ပထမဆုံးအနေနဲ့ ဒီစာလေးမှာ အသုံးပြုထားတဲ့နေ့စွဲလေးတွေက ခုလက်ရှိ မရောက်သေးတဲ့အချိန်ကာလတွေဖြစ်ပါတယ်။ ဒီလိုအချိန်ကာလကိုသုံးထားရတာကတော့ စာလေးကိုဖတ်တဲ့သူတွေအနေနဲ့ နှင်းဆီသုံးထားတဲ့နေ့စွဲလေးတွေရယ် ဒီစာကိုဖတ်တဲ့အချိန်လေးရယ်သာတူညီခဲ့ရင် (ဒါမှမဟုတ်) နှင်းဆီသုံးထားတဲ့အချိန်ကာလလေးအတွင်းမှာ စာလေးကိုဖတ်မိတဲ့အခါ အခုဖြစ်နေ၊ကြုံနေရသလိုခံစားချက်မျိုးကိုရမှာပါ....အင်း။ ဘယ်လိုပြောရမလဲ.. ဒါက အရမ်းမိုက်တဲ့ ခံစားမှုလေးလို့ နှင်းဆီထင်တယ်။

ပြီးရင် နောက်တစ်ချက်ကတော့ အဓိကပေါ့နော်။ ဒီထဲက ဇာတ်ကောင်နှစ်ယောက်ရဲ့ တစ်ချို့တစ်ချို့သော အမူအယာ၊စိတ်ထား၊အပြုအမူလေးတွေက... ရှေ့မှာနှင်းဆီပြောခဲ့တဲ့ ဒီစာမူလေးရဲ့ပိုင်ရှင်နဲ့ သူ့ရဲ့ချစ်လှစွာသောလေးတို့ရဲ့အကြောင်းကို အနည်းငယ်ထည့်သွင်းရေးပြထားတာမျိုးမို့ ဒီစာလေးကိုဖတ်လိုက်တာနဲ့ သူတို့ကိုပြေးမြင်မိမှာမျိုးပါ။ ဥပမာပြောရရင် နှင်းဆီတို့လူတစ်ယောက်ကိုမြင်လိုက်တဲ့အခါ ဒီအမျိုးသားက ဘယ်သူနဲ့တူလိုက်တာ၊ ဘယ်မင်းသားနဲ့ဆင်လိုက်တာ...အဲ့လိုပြေးမြင်မိတာမျိုးကိုကြုံဖူးမယ်ထင်ပါတယ်။ ဒီလိုခံစားချက်လေးကို အချစ်မြဲစေလေးက ပေးစွမ်းမှာပါ။

ဆိုတော့ နှင်းဆီရဲ့ တတိယမြောက်Osလေးဖြစ်တဲ့ အချစ်မြဲစေလေးမှာ ချစ်ရပါသောလေးတို့က လိုက်ပါစီးမြောပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။ အစစအရာရာ ဂရုစိုက်ကြပါနော်။

နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာကြပါစေ...

                            မေတ္တာများဖြင့်ထုံမွှန်းလျက် -

                                   တေးဆက်နှင်းဆီ

(Zawgyi)

မဂၤလာပါရွင့္...စာေရးသူ ေတးဆက္ႏွင္းဆီပါ။ ႏွင္းဆီရဲ့ တတိယေျမာက္Osေလးအတြက္ အမွာစာေလးပါရွင့္။

အခ်စ္ၿမဲေစ ေလးက ႏွင္းဆီအတြက္သာမန္ဇာတ္လမ္းတစ္ပုဒ္ဆိုတာထက္ ပိုထူးျခားပါတယ္။ ဒီဇာတ္လမ္းေလးရဲ့ ေရးသားသူကႏွင္းဆီဆိုေပမယ့္ ဒီစာမူေလးကိုပိုင္ဆိုင္သူက သပ္သပ္ပါ။

ဒီစာေလးကိုဖတ္တဲ့အခ်ိန္မွာ ထူးျခားတဲ့ခံစားခ်က္ေလးေတြရေအာင္ ပံုေဖာ္ထားတာေလးေတြရိွပါတယ္။ ပထမဆံုးအေနနဲ႔ ဒီစာေလးမွာ အသံုးျပဳထားတဲ့ေန့စြဲေလးေတြက ခုလက္ရိွ မေရာက္ေသးတဲ့အခ်ိန္ကာလေတျြဖစ္ပါတယ္။ ဒီလိုအခ်ိန္ကာလကိုသံုးထားရတာကေတာ့ စာေလးကိုဖတ္တဲ့သူေတြအေနနဲ႔ ႏွင္းဆီသံုးထားတဲ့ေန့စြဲေလးေတြရယ္ ဒီစာကိုဖတ္တဲ့အခ်ိန္ေလးရယ္သာတူညီခဲ့ရင္ (ဒါမွမဟုတ္) ႏွင္းဆီသံုးထားတဲ့အခ်ိန္ကာလေလးအတြင္းမွာ စာေလးကိုဖတ္မိတဲ့အခါ အခုျဖစ္ေန၊ႀကံဳေနရသလိုခံစားခ်က္မ်ိဳးကိုရမွာပါ....အင္း။ ဘယ္လိုေျပာရမလဲ.. ဒါက အရမ္းမိုက္တဲ့ ခံစားမႈေလးလို႔ ႏွင္းဆီထင္တယ္။

ၿပီးရင္ ေနာက္တစ္ခ်က္ကေတာ့ အဓိကေပါ့ေနာ္။ ဒီထဲက ဇာတ္ေကာင္ႏွစ္ေယာက္ရဲ့ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာ အမူအယာ၊စိတ္ထား၊အျပဳအမူေလးေတြက... ေရ႔ွမွာႏွင္းဆီေျပာခဲ့တဲ့ ဒီစာမူေလးရဲ့ပိုင္ရွင္နဲ႔ သူ႔ရဲ့ခ်စ္လွစြာေသာေလးတို႔ရဲ့အေၾကာင္းကို အနည္းငယ္ထည့္သြင္းေရးျပထားတာမ်ိဳးမို႔ ဒီစာေလးကိုဖတ္လိုက္တာနဲ႔ သူတို႔ကိုေျပးျမင္မိမွာမ်ိဳးပါ။ ဥပမာေျပာရရင္ ႏွင္းဆီတို႔လူတစ္ေယာက္ကိုျမင္လိုက္တဲ့အခါ ဒီအမ်ိဳးသားက ဘယ္သူနဲ႔တူလိုက္တာ၊ ဘယ္မင္းသားနဲ႔ဆင္လိုက္တာ...အဲ့လိုေျပးျမင္မိတာမ်ိဳးကိုႀကံဳဖူးမယ္ထင္ပါတယ္။ ဒီလိုခံစားခ်က္ေလးကို အခ်စ္ၿမဲေစေလးက ေပးစြမ္းမွာပါ။

ဆိုေတာ့ ႏွင္းဆီရဲ့ တတိယေျမာက္Osေလးျဖစ္တဲ့ အခ်စ္ၿမဲေစေလးမွာ ခ်စ္ရပါေသာေလးတို႔က လိုက္ပါစီးေျမာေပးဖို႔ ဖိတ္ေခၚပါတယ္ရွင့္။ အစစအရာရာ ဂရုစိုက္ၾကပါေနာ္။

ႏွစ္သစ္မွာ ေပ်ာ္ရႊင္က်န္းမာၾကပါေစ...

                            ေမတၲာမ်ားျဖင့္ထံုမႊန္းလ်က္ -

                                   ေတးဆက္ႏွင္းဆီ

အချစ်မြဲစေ ~One Shot~Where stories live. Discover now