အချစ်မြဲစေ

82 10 28
                                    

(Unicode)

၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်
.
.

"စီရင်ချက်ချမယ်"

တရားသူကြီး၏အသံအဆုံး တရားခံဖြစ်သူသည် ထိုင်​နေရာမှထရပ်လိုက်၏။

" ဤအမှုတွင် နှစ်ဘက်ရှေ့နေများ၏ကြားနာစစ်ဆေးမှုများနှင့် သက်သေများရဲ့အသီးသီးထွက်ဆိုချက်များအရ အဖ ဦးထင်လင်း၏သား တရားခံ မောင်ဂုဏ်ရောင်လင်းသည် သေဆုံးသူ မနံ့သာဖြူအား မိမိအသက်ကိုကာကွယ်ရန်အတွက် မထင်မှတ်ပဲ ဓားနှင့်ထိုးသတ်မိခဲ့ကြောင်း ထင်ရှားသည်။ ထို့အတူ သေဆုံးသူ မနံ့သာဖြူသည်လည်း စိတ်ကျန်းမာရေးချွတ်ယွင်းခဲ့ဖူးသူ၊ ဆေးကုသမှုခံယူနေရဆဲသူတစ်ဦးဖြစ်ကြောင်း သက်သေခံဆရာဝန်များ၏ ထွက်ဆိုချက်များအရသိရှိရသည်။

သို့ဖြစ်ပါ၍ တရားခံ မောင်ဂုဏ်​ရောင်လင်းကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၀)နှစ်အစား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၇)နှစ် လျှော့ချကျခံစေရန် ရုံးတော်မှ အမိန့်ထုတ်ပြန်လိုက်သည်။ လျှော့ရက်များကို ချုပ်ရက်များမှ လျှော့ပေါ့ခံစားခွင့်ပေးမည်။ "

' ဒုန်း ဒုန်း ဒုန်း'

အမိန့်ချအပြီးမှာ တရားစီရင်မှုကိုလာရောက်ကြည့်ရှုနားထောင်ကြသည့် နှစ်ဘက်ဧည့်သည်များအားလုံး တိုးတိုးကြိတ်ကြိတ်စကားဆိုရင်း လာရာလမ်းအတိုင်းပြန်လည်ထွက်ခွာသွားကြသည်။

ဂုဏ်ရောင့်ရင်ဘတ်ထဲမှာ ဗလာဖြစ်လို့နေ၏။ သူ့ရဲ့ရင်ထဲမှာရော ဦးနှောက်ထဲမှာပါဘာဆိုဘာမှ မရှိပဲအလွတ်ချည်းဖြစ်နေသည်။ နေတတ်မှာလား၊ နေနိုင်မှာတဲ့လား...သူမရှိပဲ၊သူ့ကိုမမြင်ရပဲ နေနိုင်မှာလားဆိုတာ ဂုဏ်ရောင်ကိုယ်တိုင်လည်းမသိ။

"မောင်..."

ရဲတပ်သားနှစ်ယောက်ရဲ့ ခေါ်ဆောင်ရာနောက် လက်ထိပ်တန်းလန်းနဲ့ လိုက်ပါသွားသောမောင့်ကို သူလှမ်းခေါ်လိုက်သည်။ မောင်....။ ဟုတ်တယ်။ သူ့ရဲ့မောင်၊ ကျွန်တော့်ကို သိပ်ချစ်တဲ့မောင်ပါ။

တရားသူကြီးရဲ့စီရင်ချက်ကို အပြုံးတစ်ချက်မပျက်တဲ့မောင့်ကို သူလေးစားမိပါရဲ့။ မောင်က ကျွန်တော့်ထက်အများကြီး သတ္တိပိုရှိပါတယ်။ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်ပဲ ကျွန်တော်တစ်ယောက်တည်းကိုပဲကြည့်ခဲ့တဲ့ ကျွန်တော့်မောင်ပါ။

အချစ်မြဲစေ ~One Shot~Where stories live. Discover now