Papilio • 2

11 5 0
                                    

- Unicode -

ထိုင်ခုံပေါ်တွင် ဒူးတစ်ဖက်ထောင်ထားရင်း
ကိုစမိုက လွတ်လွတ်လပ်လပ်ကို ထိုင်နေ
သည်။ နှုတ်သီးရှည်ခရားလေးထဲမှ အရက်
များကို ခွက်ငယ်လေးထဲ လောင်းငှဲ့ကာ
တစ်ယောက်တည်း သောက်ချင်တိုင်း
သောက်နေသည်။

ဒီအချိန်က ကိုစမိုရဲ့ စည်းတားထားသော
အချိန်။

ဒီအချိန်မှာပဲ ခြံဝန်းထဲကို ချဉ်းနင်းဝင်ရောက်
လာပါသော တစ်စုံတစ်ယောက်။ အမှောင်ကို
အားကိုးကာ ဝင်ရောက်လာသောထိုသူက
ခြေသံတိုးသိပ်သော်လည်း အရက်ခွက်ကို
နှုတ်ခမ်းနဲ့ထိထားရင်းမှ ကိုစမိုငြိမ်ကျသွား
၏။

သူစိမ်းတစ်ယောက်သည် ကိုစမိုစည်းတား
ထားသောအချိန်တွင်မှ မဖိတ်ခေါ်ပဲ ဝင်လာ
ခဲ့သည်တဲ့။

အရက်ကို ကုန်စင်အောင် သောက်လိုက်ရင်း
မှ ကိုစမိုပြုံးသည်။ သစ်ခက်နွယ်ရှည်များ
ကျနေသော နားနေဆောင်လေးသည် မီးမရှိ
ပဲ လအလင်းရောင်တစ်ခုတည်းအားကိုးဖြင့်
ခြံဝန်းထောင့်တွင်ရှိနေသည်။
ထိုနားနေဆောင်လေးထဲတွင် ကိုစမိုရှိနေ
သည်။

" ရဲတင်းလွန်းတဲ့ ဧည့်သည်ပဲ "

တိုးတိတ်စွာရေရွတ်ရင်း ဝင်လာသူကို မျှော်
လင့်မိ၏။ ကိုစမို့အတွက် ဒီလိုအထိတ်
တလန့်ဆန်ရခြင်းမျိုးတွေက ပထမဆုံး
အကြိမ်မဟုတ်တော့သည်မို့ ပေါ့ပါးနေသည်
မှာ မဆန်းတော့။

သို့သော် ခြေသံက တစ်ယောက်တည်းဖြစ်နေ
သည်မှာတော့ ထူးဆန်းသည်။

နောက်တစ်ခွက်အငှဲ့မှာပင် ဖျတ်ခနဲမြင်လိုက်
ရပါသော အရိပ်တစ်ရိပ်။
ကိုစမို့ညာဘက်လက်လေး ရုတ်ခြည်းဆို
သလိုပင် လှုပ်ရှားသွားသည်။

ဝှစ်ခနဲဆိုသောအသံက လေကိုထိုးခွင်းသွား
သယောင်။

ထို့အတူ တစ်ဖက်မှလည်း တုန့်ပြန်မှုတစ်ခု
ရှိသွားသည်။ ကိုစမိုပစ်လိုက်သော ဖဲချပ်
ကလေး ထက်ပိုင်းပြတ်၍ မြက်ခင်းပြင်ထက်
ပြုတ်ကျသွားသည်ကို ကိုစမိုမြင်လိုက်ရ၏။

" မခေပါလား "

အပြုံးတစ်ပွင့်နှင့်အတူ ကိုစမို ချီးကျူးလိုက်
မိပါသည်။
ချီးကျူးစကားကို ခွင့်ပြုစကားသဖွယ် ထိုသူ
မှတ်ယူလိုက်ဟန်တူသည်။
တွဲကျနေသော သစ်ခက်နွယ်နှစ်တန်းကို
လက်ဖြင့်ရွေ့ဖယ်လိုက်ကာ နားနေဆောင်
လေးအဝင်ဝတွင် ရပ်တန့်လာသည်။

PAPILIOWhere stories live. Discover now