Papilio • 5

9 4 0
                                    

- Unicode -

မုန့်အပိုင်းလေးတစ်ခုက မျက်စိရှေ့မှာပင်
မြေပြင်ထက်ကို ဘုတ်ခနဲပြုတ်ကျသွား
သည်။ပျော်ရွှင်လှိုက်လှဲသွားစိတ်တစ်ခု
တည်းနဲ့ ထိုကလေးငယ်က မုန့်ပိုင်းလေးကို
ပြေးကောက်သည်။

သို့သော် ထိုအရာက ကလေးငယ်ရဲ့အရာ
မရောက်သော ကြိုးစားလိုမှုသက်သက်
တည်းသာ။ ဆိုရလျှင် အလဟဿဖြစ်သွား
သော အားထုတ်လိုက်မှုတစ်ခုပင်သာ။

ရုတ်တရက်ဆန်စွာ တွန်းပစ်ခံလိုက်ရသော
ရိုက်ချက်တစ်ခုနောက်တွင် တစ်ကိုယ်လုံးက
မြေကြီးထက် ပစ်လဲကျ၏။
ကလေးငယ်သည်လည်း မုန့်ပိုင်းလေးနဲ့
ဘာမှမခြားနားသွား။

နံစောင်းညှပ်ကြားအောက် အောင့်သက်နာကျင်သွားသော်လည်း စိတ်မလျှော့နိုင်သော ကလေးငယ်က မြင်နေရသော မုန့်ပိုင်းလေးကို လက်တစ်ဖက်ဖြင့် အားယူလှမ်းသည်။
လက်တစ်ကမ်းစာအကွာမှာသာရှိသည်မို့
သူ လှမ်းယူနိုင်ချင် လှမ်းယူနိုင်သည်မဟုတ်
ပါလား။

ဒါပေမယ့် ဤအရာသည်လည်း အရာ
မရောက်သော ကြိုးစားမှုသက်သက်သာ
ဖြစ်သွားသည်။ ကြမ်းတမ်းစွာအနင်းခံလိုက်
ရသော လက်တစ်ဖက်သည် မုန့်ပိုင်းစလေး
အား အာရုံမှတခဏပယ်ဖျောက်စေနိုင်သည်
အထိ တတ်စွမ်းစေခဲ့၏။
မုန့်ပိုင်းလေးနေရာတွင် အစားထိုးမြင်လိုက်ရ
ပါသော သားရေဖိနပ်ရှည်တစ်ဖက်။

နင်းထားသည်နဲ့မျှမကျေနပ်နိုင်စွာ ချေနေ
သောလုပ်ရပ်ကြောင့် ကလေးငယ် နာကျင်စွာ
အော်ဟစ်လိုက်မိ၏။
သည်းထန်စွာ....တစ်နည်းအားဖြင့် ဝမ်းနည်း
ချိနဲ့စွာ။

ကလေးငယ်ရဲ့အော်သံအဆုံး သဘောတကျ
ရယ်လာသောရယ်သံကျယ်သည် လုပ်ထား
သောလုပ်ရပ်တို့အတွက် ဂုဏ်ယူနေဖွယ်
အတိဖြင့်။

" စားချင်နေတာလား အဲ့လောက်။
ဟင် အဲ့လောက်ကိုငတ်နေပြီလား "

" အဲ့မုန့်လေးဖြစ်ဖြစ် ပေးစားခိုင်းပါ "

ပျားရည်တို့ထွက်ကျနေသော မုန့်ပိုင်းအား
ကလေးငယ်က မရအရလှမ်းကြည့်သည်။
မြေကြီးစတို့ပေကပ်နေသော်ငြား စားခွင့်သာ
ပေးလိုက်လျှင် ထိုမြေကြီးစတို့အားလည်း
သူ စားနိုင်သည်။

PAPILIOWhere stories live. Discover now