Ep (71)

4.9K 562 38
                                    

ညှိနှိုင်းမရသည့်အဆုံးမှာ ramsayတစ်ယောက်နောက်ဆုံးနည်းလမ်းကိုထုတ်သုံးလိုက်သည်။ ပြင်သစ်နိုင်ငံအစိုးရက sorelကိုသူတို့နိုင်ငံသားဖြစ်သည့်အတွက် သူတို့ဆီကိုလွှဲပြောင်းပေးဖို့ရောက်ရှိလာကြသည်။ နှစ်နိုင်ငံအကျိတ်အနယ်ဆွေးနွေးကြရင်း နောက်ဆုံးမှာsorelကိုပြင်သစ်သို့လွှဲပြောင်းပေးလိုက်ရသည်။

အထက်အရာရှိတွေအားလုံးက ထိုကိစ္စကြောင့်ramsayကိုမျက်စိစပါးမွှေးစူးကုန်ကြသည်။ သူတို့လွှတ်သွားသည့်ငါးက အင်မတန်မှတန်ဖိုးကြီးသည့်ငါးကြီးတစ်ကောင်ဖြစ်လို့နေသည်မဟုတ်လား။ အမျိုးသားကိုယ်ဝန်ဆောင်တစ်ယောက်ရှိခြင်းက နိုင်ငံတကာ၏အာရုံစူးစိုက်မှုကိုခံရမည့်အပြင် သုတေသနလုပ်ချင်သူတွေအတွက် အကျိုးအမြတ်များစွာရရှိမည့်အခွင့်အရေးပင်။

"ramsay မင်းကငါတို့ကိုပုန်ကန်ချင်တာပေါ့လေ"

"ကျွန်တော်ဘယ်သူ့ကိုမှ မပုန်ကန်ဘူး။ ခင်ဗျားတို့ဆီကို ကျွန်တော်အရင်လက်ကမ်းပေးခဲ့တာပါ။ ခင်ဗျားတို့ဘာသာ ကျွန်တော်ကမ်းပေးတဲ့လက်ကိုပုတ်ချခဲ့တာလေ။ ကျွန်တော့်အပြစ်မဟုတ်ဘူးလို့ထင်တယ်"

"သူတို့ကမင်းကိုကတိတည်မယ်ထင်နေတာလား။ မင်းရှေ့မလိုသာဒီလိုလုပ်ပြနေတာ သူတို့နိုင်ငံထဲရောက်ရင်လည်း sorelကိုသုတေသနခန်းထဲပို့ကြမှာပဲလေ"

"ဟက် ခင်ဗျားတို့လိုလူ့အသက်တစ်ချောင်းကို လက်လွတ်စပယ်ကိုင်တွယ်မှာ မဟုတ်ဘူးလို့ကျွန်တော်ယုံတယ်။ အခုဟိုဘက်မှာ sorelနေဖို့အတွက်အကုန်အဆင်သင့်ပြင်ဆင်ပေးထားကြပြီးသား။ ရော့ဒီမှာ ကျွန်တော့်ရဲ့ရာထူးတံဆိပ်နဲ့ သေနတ် အေးဂျင့်အဖြစ်ကနေနှုတ်ထွက်တယ်။ နောက်သုံးလေးရက်လောက်နေရင် ကျွန်တော်လိုက်ခဲ့တဲ့အမှုတွေအကုန်ခင်ဗျားတို့ဆီလာလွှဲပြောင်းပေးမယ်။ အခုတော့ ကျွန်တော့်ချစ်ရသူလေးကိုမွေးရပ်မြေပြန်ပို့လိုက်ဦးမယ်နော် ဘိုင့်"

ramsayလှည့်ထွက်ရင်း အရာရှိတွေကိုလက်ပြကာနှုတ်ဆက်ခဲ့လိုက်သည်။ ထို့နောက်sorelကိုလွှဲပြောင်းပေးမည့်ထောင်သို့ လိုက်လာခဲ့သည်။ ထောင်ဆေးရုံမှထွက်လာသည့် sorelကိုမြင်ပြီးတစ်ဖက်နိုင်ငံမှအရာရှိတွေက မျက်လုံးအနည်းငယ်ပြူးကာ အံ့အားသင့်သွားကြသည်။

DestinéWhere stories live. Discover now