အပိုင်း(၃၁)

259 10 1
                                    

Zawgyi

နေ့လည်စာစားတော့ကောင်းကောင်းလေးကလွမ်းမဲ့မီးအိမ်ရဲ့ပေါင်ပေါ်မှာထိုင်နေပြီးအတူနေ့လည်စာစားတယ်။

"ကိုကိုလေးပျောက်သွားတော့ကျွန်တော်အရမ်းလန့်သွားတာ"

"ဟုတ်လား
ဒီရက်ပိုင်းကိုကိုလေးကိုလွမ်းနေသေးလား"

"ဟုတ် လွမ်းတယ် အများကြီးလွမ်းနေတာ"

လွမ်းမဲ့မီးအိမ်ကကောင်းကောင်းရဲ့ပါးနှစ်ဖက်ကိုချစ်စနိုးနဲ့ဆွဲညစ်လိုက်တယ်။ကောင်းကောင်းလေးကမှမာနခက်ထန်ထက်ပိုပြီးချစ်ဖို့ကောင်းသေးတဟ်။

"ဒါဆိုDaddyကရော ကျွန်တော့်ကိုလွမ်းလား"

စားပွဲပေါ်ကိုမေးထောက်ရင်းသူ့ကိုလှမ်းကြည့်မာနခက်ထန်သက်ပြင်းချလိုက်မိတယ်။လွမ်းမဲ့မီးအိမ်ရဲ့ပြောင်းလဲသွားတဲ့ပုံစံကိုအခုထိနေသားမကျသေးပေ။

"ဦးမာနကကိုကိုလေးကိုအရမ်းစိတ်ပူသွားတာ အိမ်တစ်အိမ်လုံးကိုတောင်မြေလှန်ပြီးရှာတော့မလို့"

လွမ်းမဲ့မီးအိမ်ရယ်ချင်စိတ်ကိုထိန်းထားလိုက်တယ်။အဲ့တာကြောင့်ကလေးတွေကဘယ်လောက်တောင်အသုံးဝင်ပြီးချစ်ဖို့ကောင်းလိုက်လဲ။ဘာကိုမှမလိမ်ဘဲဖြေနိုင်တယ်မလား။မာနခက်ထန်ကတော့မျက်နှာဘယ်နားသွားထားရမလဲမသိတော့ပေ။စိတ်ပူခဲ့တာကတော့မှန်ပါတယ်။ဒါပေမယ့်ဒီလိုမျိုးအဖော်ခံလိုက်ရတာကတော့မျက်နှာနည်းနည်းပူတာပေါ့။

"ကျွန်တော့်ကိုစိတ်မပူနေတာပေါ့လေ"

သူ့ကိုပြုံးစိစိမျက်နှာထားနဲ့လာကြည့်နေတာမလို့မာနခက်ထန်မျက်နှာမျက်နှာလွှဲလိုက်တယ်။လွမ်းမဲ့မီးအိမ်ကခပ်သဲ့သဲ့ရယ်ရင်းဘာမှဆက်မမေးတော့ဘဲနေ့လည်စာဆက်စားနေလိုက်တယ်။စားပြီးတော့ကောင်းကောင်းကိုအင်္ဂလိပ်ပုံပြင်တစ်ပုဒ်ကိုဘာသာပြန်ပြီးဖတ်ပြနေတဲ့လွမ်းမဲ့မီးအိမ်ကအခုကျတော့လည်းဘာမှမပြောင်းလဲသလို။အရင်လိုပဲကောင်းကောင်းလေးကိုစာသင်လိုက်ဘေးနားကနှင်းဆီပန်းတစ်ပွင့်ကိုလှမ်းပြီးနမ်းရှိုကိလိုက်နဲ့ပြုံးနေပြန်တယ်။

မာနခက်ထန်မသိစိတ်ရဲ့လှုံဆော်မှုကြောင့်လွမ်းမဲ့မီးအိမ်ကိုငေးကြည့်နေမိတယ်။ငယ်ကလွမ်းမဲ့မီးအိမ်ရဲ့တစ်စိတ်တစ်ပိုင်းဆိုရင်လွမ်းမဲ့မီးအိမ်ကိုသူချစ်ရဲ့လား။ဒီမေးခွန်းကိုသူအခုထိအဖြေရှာမရသေးပေ။လွမ်းမဲ့မီးအိမ်ကိုသူဘယ်လိုခံစားချက်မျိုးရှိနေတာလဲ။

လွမ်းမဲ့မီးအိမ်(Just a wedding Daddy) (Complete)Where stories live. Discover now