-16-

4.2K 460 11
                                    

Unicode

ဝမ်ရိပေါ်က သူ့တိုက်ခန်းကနေ ရှောင်းကျန့် ဟိုတစ်နေ့ကမှ ဝယ်ထားတဲ့ လစ်မစ်တက်တံဆိပ်နဲ့ကားကို စီးပြီး မောင်းထွက်လာခဲ့တယ်။

ဒါပေမဲ့ စိတ်ထဲမကျေနပ်ဖြစ်နေတာတော့ လုံးဝမပြေသေး။ဟိုကောင်က ဘာကောင်မို့ အဲ့လူက မေ့မရဖြစ်နေရတာလဲ။

ဘာလဲ..အဲ့ကောင်က သူ့ထက် ပိုကြီးနေလို့လား။
အဲ..လူကောင်ပြောပါတယ်။လူကောင်ပိုကြီးလို့ အဲ့လူက ပိုသဘောကျနေတာလား။သူ့ကိုကျော်လွန်ပြီးတော့လေ။

ဒါမတရားဘူး။လုံးဝကို မတရားဘူး။
သူမကြိုက်ခင်တုန်းကကျ အထာတွေဇွတ်ပေးနေပြီး
သဘောကျနေပါပြီဆိုလိုက်ကာမှ အချစ်ဦးတို့ မေ့မရသူတို့ ရှိနေတာ လုံးဝမတရားဘူး။

တံခါးဘဲလ်ကို မထွက်မလာမချင်း ဆက်တိုက်နှိပ်နေလိုက်တယ်။အဲ့လူ ဘာလုပ်နေလို့ တံခါးလာဖွင့်ဖို့လေးကို ကြာနေရတာလဲ။

"အော်..ဘယ်သူများလဲလို့!
ကိုယ်တော်လေးကို.."

WTF. .သူ့ကို ဘယ်လိုခေါ်လိုက်တာ?

"ကိုယ့်ဘာသာဝင်လာလို့ ရတာကို ကြီးကြီးကျယ်ကျယ်တွေ လုပ်နေရသေးတယ် မင်းနှယ်"

ရေချိုးပြီးခါစ အဲ့လူက ခါးမှာ တဘတ်တစ်ထည်တည်းနဲ့။သူမဟုတ်ဘဲ အခြားသူသာဆို အဲ့လူရဲ့အလှတွေ မြင်ကုန်ပြီပေါ့။မတော်လို့ ရိုးရိုးသားသားမကြည့်ဘဲ ဆန်းဆန်းပြားပြားကြည့်ရင် ဘယ်နှယ့်လုပ်မတုန်း။

သူတစ်ယောက်တည်း အဲ့လို ကြည့်ရဲတာတော့ သူ မသိရှာဘူး။ဘောစ့်က သူ့တစ်ယောက်တည်းကိုပဲ အဲ့လိုကြည့်ခွင့်ပေးထားတာကိုလည်း သူ မသိရှာဘူး။

ဝမ်ရိပေါ်က အနောက်ကနေ လိုက်ဝင်လာတယ်။
တံခါးကို သေချာပိတ်လိုက်တယ်။
ဟိုလူက တဘတ်တစ်ထည့်ခေါင်းပေါ်တင်ပြီး တီဗီရှေ့က ဆိုဖာပေါ် ​ခြေချိတ်ထိုင်နေတယ်။

အဲ့လိုလူတွေထဲ အေးအေးချမ်းချမ်းပေါ့ပေါ့ပါးပါးနေနိုင်တာ ဒီလူတစ်ယောက်ပဲ သူတွေ့ဖူးတယ်။
ပြောတော့...ဂိုဏ်းခေါင်းဆောင်တဲ့။
ပုံမာန်လုပ်တာဆိုလို့ ညတိုင်း သူနဲ့အိပ်ပြီး လုပ်တာချည်းပဲ။

Criminal Virus [ Completed ] Kde žijí příběhy. Začni objevovat