-22-

4.2K 472 19
                                    

Unicode

ဝမ်ရိပေါ်က သူ့မစ်ရှင်အသစ်လုပ်ဆောင်ဖို့အတွက်
တက်ကြွနေခဲ့တယ်။သူက အသက်ပြည့်ကတည်းက သာမာန်ရဲသားနေရာမှာ တာဝန်ထမ်းဆောင်နေခဲ့တယ်။

ဘာလို့ ဒီအလုပ်ဝင်ခဲ့သလဲဆိုရင် သူ့ညီဟာ ကျောင်းအပြန်မှာ ကားဖြင့် တိုက်ခံခဲ့ရတယ်။သူတို့မှာ ငွေမရှိတာကြောင့် သူ့ညီလေးအတွက် လျော်ကြေးပင်မရဘဲ
အမှုကို ပိတ်ပေးခဲ့ရတယ်။

သူတို့နှစ်ယောက်က အမွှာညီအကိုတွေဖြစ်ပြီး ပါးနဲ့မား ကွဲသွားတာကြောင့် သူက ပါးဘက်မှာ လိုက်နေခဲ့ကာ ညီဖြစ်သူက မားနဲ့အတူ နေကျန်ခဲ့တာလည်း ဖြစ်သည်။

ပါးက အဆင်ပြေသလောက် မိန်းမသားဖြစ်တဲ့ မားက ညီလေးနဲ့ အဆင်မပြေခဲ့ဘူး။ရုတ်တရက် ထိုကိစ္စဖြစ်တော့ သူက ပါးဆီက ထွက်ပြေးလာခဲ့ပြီး ညီလေး
မတရားခံခဲ့ရတဲ့ အမှုကို ပြန်လည်လိုက်ချင်လို့ သူ ရဲထဲ မျက်စိမှိတ်ဝင်ခဲ့တယ်။

တစ်နှစ်အကြာလောက်မှာပဲ သူတို့တစ်ဖွဲ့လုံးအတွက် မစ်ရှင် အသစ်ကျလာသည်။ခေါင်းဆောင်ကလည်း အရမ်းတုန်လှုပ်သွားခဲ့တယ်။သူတို့ဟာ ထိပ်တန်းမာဖီးယားခေါင်းဆောင်ကို ဖမ်းပေးရမည်တဲ့။

မစ်ရှင်အောင်မြင်ခဲ့ရင် ရာထူးတိုးမည့်အပြင် ဆုလာဒ်များလည်း ထိုက်ထိုက်တန်တန်ရမှာလည်း ဖြစ်သည်။
အထက်က ခေါင်းဆောင်ဖြစ်သူတောင် မငြင်းနိုင်တာ
သူတို့တွေက ဘယ်လိုလုပ်ငြင်းနိုင်ပါ့မလဲ။

မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရတဲ့ ပုံတစ်ချို့ကို
သူတို့အား ပို့ပေးလာတယ်။မားအိမ်ကို ပြန်အိပ်ပြီး ထိုလူ့အကြောင်း သေချာသိရဖို့ စုံစမ်းဖို့ ကြံလိုက်သည်။

ကံကောင်းထောက်မစွာပဲ မားက သူ့လက်တော့ပ်ထဲက သိပ်မရှင်းမလင်းဖြစ်နေသည့်ပုံကို ဘယ်သူလဲလို့ မေးလာတယ်။ပြီးတော့ ထိုသူက ငယ်ငယ်က ကျန့်ကျန့်လို့ ခေါ်တဲ့ ကောင်လေးမလားတဲ့။

"မားက ဘယ်လိုသိလဲ?"

"သိတာပေါ့...မင်း ညီ ဝမ်ရိပေါ်ရဲ့ သူငယ်ချင်း အကိုလေ။သူတို့က အရမ်းရင်းနှီးတာ။ထွက်သွားတာတောင် မနည်းကြာနေပါပြီ။သားညီက အဲ့ကောင်လေးကို အရမ်းခင်တာ။ပြီးတော့ သားကို ပြဦးမယ်..."

Criminal Virus [ Completed ] Where stories live. Discover now