Can the love between two men be strong?

1.3K 25 0
                                    

(ယောက်ျားနှစ်ယောက်ရဲ့ ချစ်ခြင်းဟာခိုင်မြဲနိုင်ရဲ့လား?)

"ကိုကို.."

ညင်သာစွာခေါ်လိုက်တော့ သူပြန်လှည့်ကြည့်လာသည်။ မျက်လုံးများဝိုင်းကာ နှုတ်ခမ်းတို့တောင် တဆက်ဆက်တုန်ယင်နေရှာသည်။

ချစ်ရသူ၏ အေးစက်နေသော လက်ဖျားလေးအား ဇိုင်း ဆုပ်ကိုင်လိုက်သည်။ အအေးဓာတ်လေးများလျော့လိုလျော့ငြား အာငွေ့ပေးမိသည်။

"မောင်.. ကိုကိုလေ..."

ဆက်ပြောဖို့တောင် သူ့အသံတို့က ထပ်မထွက်လာတော့ပေ။

"ပြောလေ.. ကိုကို့အမေက ဘာပြောလိုက်လို့လဲ.."

ထိုအမေးနှင့်အတူ တစ်ချက်ဖြတ်တိုက်‌သွားသော လေအေးအေးက သူ့အားပို၍ပင် ကျောချမ်းစေသလို။

သူဆိုသည့် စဝ်,က ယခုသူခေတ္တနေထိုင်နေသည့်မြို့ငယ်လေးတွင် တာဝန်ကျသော အလယ်တန်းပြကျောင်းဆရာတစ်ယောက်ပင်။ မြို့နေလူထုက လေးစားအားကျရသူ။ ကျောင်းသူကျောင်းသားတွေအတွက်ဆို အမြဲဆရာကောင်းတစ်ယောက်ဖြစ်ခဲ့သူ။ သို့ပေမယ့် ထိုလေးစားမှုတွေက‌ အထင်သေးခြင်း ရှံ့ချခြင်းအဖြစ်သို့ပြောင်းလဲသွားခဲ့သည်မှာ နေ့တွင်းချင်းပင်။ ဘယ်သူကဘယ်လိုစ,ဖော်လိုက်မှန်းမသိတဲ့ သူ့ကိုယ်ရေးကိုယ်တာ အကြောင်းတစ်ခုဟာ လိုင်းပေါ်ပလူပျံနေခဲ့သည်။ ထိုအကြောင်းက စဝ်ဆိုသည့် အလယ်တန်းပြကျောင်းဆရာလေးက လိင်တူကြိုက်သူ gay တစ်ယောက်ဖြစ်ပြီး ယောက်ျားလေးတစ်ယောက်ဖြစ်သော ချစ်သူပါရှိနေကြောင်း။

ဤမြို့လေးကလူတွေ ရှေးရိုးဆန်တာလည်း ပါပါလိမ့်မည်။ ဝင်ငွေပိုလျှံစေရန် ပြနေသော ကျူရှင် ကျောင်းသားတွေပါ အသီးသီးထွက်သွားကြသည်။ ကျောင်းမှာလည်း မိမိမှာ ဆရာ၊ဆရာမများကြားထဲ အသက်အငယ်ဆုံးဖြစ်သောကြောင့် ရှေးရိုးစွဲ သက်ကြီးပိုင်းဆရာ‌များ၏ တစ်ဖက်သတ် မုန်းခြင်းကိုခံရသည်။

ထိုအကြောင်းတွေကို နယ်ဝေးမှာနေသည့် အမေ့အား စိတ်မညစ်စေချင်သောကြောင့် မပြောပြချင်ခဲ့ပါ။ သို့သော်လည်း အနှေးနှင့် အမြန်ဆိုသလို သိသွားမှာဖြစ်သည့်အတွက် ပြောပြခဲ့ပါသည်။ အမေပြန်ပြောခဲ့သည့် စကားကြောင့် သူကမ္ဘာပြိုသကဲ့သို့ ခံစားခဲ့ရသည်။

BL, GL, Femdom one shot collection (Ongoing)Where stories live. Discover now