Part (2)

41 4 0
                                    

Unicode

ကောင်းကင်ဘုံ၏ လျစ်လျူရှုမှုတွေအကြား တဖြည်းဖြည်း အင်အားကြီးလာသည့် နတ်ဆိုးအုပ်စုသည် အနောက် ပင်လယ်၏ ရေသူမအုပ်စုအား စတင်တိုက်ခိုက်လာကြသည်။ ရေသူမျိုးနွယ်သည် သီးသန့်နေထိုင်သည့် မျိုးနွယ်တစ်ခုဖြစ်သည်။ မြောက်ပင်လယ်၏ အပိုင်စားရသောနေရာတွင် အေးချမ်းစွာ နေထိုင်ကာ တခြားမျိုးနွယ်များအား အန္တရာယ်ပြုခြင်းမရှိပေ။ ကောင်းကင်ဘုံနှင့်လည်း ဆက်သွယ်ခြင်းမပြုသော အုပ်စုတစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် နတ်ဆိုးများသည် အခွင့်ကောင်းယူကာ တိုက်ခိုက်လာကြသည်။

ရေသူမျိုးနွယ်၏ အုပ်ချုပ်သူဘုရင်မ ထျန်းယင်သည် နတ်ဆိုးများ၏ တိုက်ခိုက်ခြင်းမှ ရေသူမျိုးနွယ်နှင့် သူမ၏ သားဖြစ်သူအား ကာကွယ်ရန် သူမ၏ အမြိုတေအားသုံးကာ နတ်ဆိုးများအားလုံးအား သတ်ပစ်ခဲ့သည်။ ရေသူမျိုးနွယ်များတွင် အမြုတေသည်အရေးကြီးပစ္စည်းတစ်ခုဖြစ်သည်။ အမြုတွေပြိုကွဲသွားပြီးနောက်တွင် သူမ အသက်ရှင်ရန်အချိန်ခေတ္တမျှသာ ကျန်ရှိတော့သည်။

ရေသူမျိုးနွယ်၏ မင်းသားဖြစ်သူ ထျန်ယွင်ရှသည် သူ၏ အမေဖြစ်သူ အမြုတေ ပြိုကွဲသွားသည်အား ဝမ်းနည်းစွာဖြင့်သာ ကြည့်နေရသည်။

"အမေ! !!! အမေ! !!! "

ငိုကြွေးကာ အမေဖြစ်သူအား အဆက်မပြတ် အော်ခေါ်နေသည်။ သူမွေးကတည်းက အဖေဖြစ်သူအား မမြင်ဖူးခဲ့ပေ။ အ​ေမသည်သာ သူ့၏ အားကိုးအားထားရာဖြစ်ခဲ့သည်။ အမေရှိရာသို်ပြေးသွားရန် ပြင်နေသော သူ့အား အကြီးအကဲတချို့သည် ဆွဲဖက်ထားသည်။ အမေဖြစ်သူအား အော်ခေါ်ကာ ကြည့်နေရုံသာတက်နိုင်ခဲ့သည်။

နတ်ဆိုးများ အထိနာသွားချိန်တွင် ထျန်းယင် သည် သူမတို့နေထိုင်ရာနေရာအား စွန့်ခွာကာ သူမ၏ ကျန်ရှိသောစွမ်းအားများဖြင့် သူမ၏ သားဖြစ်သူနှင့် ရေသူမျိုးနွယ်တချို့အား ပုန်းခိုနိုင်ရန်အတွက် စီမံပေးခဲ့သည်။ ရေသူမျိုးနွယ်၏ မင်းသားတစ်ပါးဖြစ်သည့် ထျန်ယွင်ရှသည် အသက် ၂၀၀၀ ခန့်သာရှိသေးသောကြောင့် နတ်ဆိုးများဖြင့် တိုက်ခိုက်ရန်အတွက် ငယ်လွန်းသေးသည်။ ကျန်ရစ်ခဲ့သည့် ရေသူမျိုးနွယ်၏ အကြီးအကဲတစ်ချို့အား ထျန်ယွင်ရှ အား ကာကွယ်ပေးရန် မှာကြားခဲ့သည်။

ချစ်ခြင်း၏တစ်ဖက်ကမ်း ပေးဆပ်ခြင်းမှတ်တမ်း (BL)Where stories live. Discover now