{Unicode🌿}... ချုပ်ချယ်တာ မဟုတ်ဘူး...
မင်းကို ထိခိုက်စေမယ့် အရာတွေကို
ရှောင်စေချင်ရုံပါပဲ...။****
Caring~~
မနက်ပိုင်း...
ထုံးစံအတိုင်း ကိုးတန်းများ အတန်းချိန်ပြီးသည်နှင့် ကျွန်တော်တို့ဆီ ရောက်လာသည်။ အခုတစ်ခါလည်း သူက အပြင်ဘက်မှ နေခဲ့ပုံရပါသည်။ သူ့သူငယ်ချင်း အရှည်ကြီးတို့ကို တွေ့သည်နှင့်....။"Mainရော?"
"အပြင်ဘက်မှာ နေခဲ့တယ် အစ်ကိုထုံး....။ မှာစရာ ရှိလို့လား??"
ထိုအချိန်မှာတော့ ကျွန်တော်လည်း ပိုက်ဆံကို ယူပြီး အပြင်သို့ ထွက်လာမိတော့သည်။ သူကတော့ ကျွန်တော့်ကို မြင်သည်နှင့် ချက်ချင်းမျက်မှောက်ကျုံ့ပြီး မျက်နှာကို တည်တင်းထားသည်....။ ကျွန်တော်လည်း သူ့အနားသို့ လျှောက်သွားပြီး သူ့နဖူးပြင်ကို ထိမည်ကြံတော့ ချက်ချင်းဆိုသလို ရှောင်ဖယ်သွားသည်။ ကျွန်တော်လည်း မရမကထိကပ်မိရင်းမှ....။
"ကိုယ်တော့ မပူတော့ဘူး....။ ချောင်းဆိုးနေသေးလား??"
"မဆိုးပါဘူး....။"
"ဒီနေ့ မြို့ထဲ လိုက်သွားဖို့က ဖြစ်ပါ့မလား??"
"မသိဘူး....။"
"Main! မုဒိတာMain!.... မသက်သာရင် မြို့ထဲသွားဖို့ ခွင့်မပြုဘူးနော်...။"
ထိုအချိန်မှာတော့ Mainက သူ့လက်နှစ်ဖက်ကိက ယှက်ပိုက်လိုက်ပြီး မျက်နှာကျောတင်းတင်းဖြင့်ပင်.... မျက်ခုံးတစ်ချက်တွန့်ပြပြီး ကြည့်နေပုံက ဂရုမစိုက်သော အထာဖြင့်ပင်....။ ပြန်လည်း မပြောသလို၊ နားလည်းမထောင်.... ဒီအကြားက မလုပ်ချင်ရော ဟူသည့်အထာက ပိုပြီးဆိုးသည်။
ညတုန်းက အတင်းမရမကပင် အဆောင်သို့ ခေါ်ပြီး ဆေးတိုက်ရသည်။ ဒါကိုပင် အတင်း ကလေးတစ်ယောက်လိုပင် အော်ငေါက်ပြီးမှ ရသည်။ နောက်တော့ ဘာစိတ်ကူးရသွားလည်း မသိ... ဆေးကို သူ့ဘာသာ အေးဆေးသောက်သွားပြီး သူ့အဆောင်သို့ ပြန်သွားသည်....။