<< UNicode >>
A little WOrld ~~
ရဲတွေဟာ ဓားပြကို ကားပေါ်သို့ဖမ်းဆီးခေါ်သွားပြီး ကျန်ရဲတစ်ယောက်က အချိန်ပိုင်းအလုပ်သမား လေးနှင့်စကားပြောနေကြသည်။ ဂျွန်ဂယူကတော့ ခုံတန်းလေး၌ ထိုင်ကာ လက်ထဲက အိတ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ မျက်စိရှေ့ ရောက်လာတဲ့ ရေသန့်ဘူးလေးကြောင့် မော့ကြည့်မိသည့်အခါ သူ့ကိုကယ်တင်ခဲ့သော ကောင်လေး ဖြစ်လို့နေသည်။
" ရေသောက်လိုက်အုံး အရမ်းလန့်သွားမှာပေါ့ "
ကောင်လေးရဲ့ အသံသြသြလေးက နားထဲချိုသာစွာ စီး၀င်လာသည်။ ကောင်လေး ထံမှ ဖွင့်ပြီးသားဖြစ်တဲ့ ရေဘူးလေးအား ယူပြီး တစ်ကျိုက်ထဲ မော့သောက်ပစ်လိုက်သည်။ ထိုကောင်လေးပေးလို့ပဲလားတော့မသိ ရေဟာ အရမ်းကို ချိုမြသည်။
ရေသောက်နေတဲ့သူ့ကို ကြည့်ပြီး ကောင်လေးက ပြုံးသည် ထို့နောက် သူ့ဘေးနား ကပ်ထိုင်ကာ နှုတ်ခမ်းတစ်၀ိုက် ကျန်ရစ်နေတဲ့ ရေစက်လေးတွေအား သုတ်ပေးလာတာမို့ အလန့်တကြား နောက်ဆုတ်လိုက်မိသည် ။ သူ့ရဲ့အပြုအမူက တစ်ဖက်သားကို ဘယ်လို ထင်စေလည်းတော့မသိပေမယ့် ထိုကောင်လေးကို အားနာမိတာတော့ အမှန်" နာနေသေးလား ? "
ထိုကောင်လေးထံမှ အမေးစကားတစ်ခွန်း
ဂျွန်ဂယူဟာ ဘာကိုမေးတာလဲ စဥ်းစားနေမိသည် ။ ထိုကောင်လေးရဲ့ မေ့ငေါ့ပြတဲ့ နေရာကို လက်ဖြင့်တို့ထိလိုက်တော့မှ အနာကပ် ပလာစတာကပ်ထားတဲ့ သူ့လည်ပင်းက ဓားဒဏ်ရာ" အာ ဒါလား ? ဆရာ၀န်တွေ ဆေးထည့်ပေးသွားတယ် သိပ်တော့မနာတော့ပါဘူး အပေါ်ယံဆိုတော့လေ "
ထိုကောင်လေးနဲ့နေရတာ စိတ်ထဲ တစ်မျိုးတစ်ဖုံဖြစ်နေတာမို့ ထိုနေရာမှ ချက်ချင်းထကာ အိမ်သို့ပြန်လာခဲ့သည်။
ကျန်နေခဲ့တဲ့ ကောင်လေးဘယ်လို ဖြစ်သွားမလဲ ဆိုတာတော့ မသိချင်တော့ပါ ။ ကိုယ်ကလည်း ကိုယ့်အပူနဲ့ကိုယ် လေ။" လွန်ခဲ့တဲ့ 17နှစ်ကထက် ပိုချစ်ဖို့ကောင်းလာတယ်"
ထိုစကားသံလေးနှင့်အတူ ဟရူတိုဟာ ပျောက်ကွယ်လို့သွားသည်။
......................................
YOU ARE READING
A Little World (Completed)
Fanfictionမောင်က မောင့်ရဲ့ ကမ္ဘာငယ်လေးကို အထိခိုက် ခံမှာတဲ့လား?