<< Unicode >>
A Little WOrld
ဟရူတို တစ်ယောက် လုပ်ငန်းရှင်တွေနဲ့စကားပြောနေပေမယ့် မျက်လုံးတွေကတော့ ဂျွန်ဂယူဆီမှာသာ ....ပျင်းနေမှာဆိုးပေမယ့် စကားစ ကလဲ မပျက်တာကြောင့် သွားလို့မရပေ ။ တစ်ယောက်ထဲ နှုတ်ခမ်းလေးဆူထော်ပြီး စကားပြောနေတဲ့ ဂျွန်ဂယူကြောင့် ဟရူတို ပြုံးလိုက်မိသေးသည် ။ ခဏကြာတော့ ၀ိုင်သွားယူပုံရတဲ့ကလေးငယ် ။
သို့ပေမယ့် တစ်စုံတစ်ယောက်ရောက်လာတဲ့အခါမှာတော့ ဟရူတိုရဲ့အပြုံးတွေဟာ ပျောက်ဆုံးသွားကာ ထိုနေရာသို့ ခြေလှမ်းကြဲ ကြီးများဖြင့် လျှောက်လာခဲ့သည် ။"Mr Haruto ! ဘယ်သွား "
အခုချိန်မှာ လုပ်ငန်းရှင်တွေလဲ ဂရုစိုက်မနေမိ ။နှုတ်မဆက်ပဲ ထွက်လာခဲ့လိုက်သည် ။
သူအနားရောက်ခါနီးမှာပဲ ထိုအမျိုးသားအား ထုရိုက်ကာ ငိုနေသော ဂျွန်ဂယူ.. ထိုမျက်ရည်တွေကို သုတ်ပေးချင်ပေမယ့် နှစ်ဦးလုံးရဲ့ ဘေးမှာဖြာထွက်နေတဲ့ ပျော်ရွှင်မှုရောင်စဥ်တွေကြောင့် ဟရူတို ခြေလှမ်းတွေ ရပ်တန့်သွားရသည် ။' ငိုနေတာ နာကျင်လို့မှမဟုတ်ခဲ့ပဲ '
ခဏအကြာမှာတော့ အဆင်ပြေသွားကြသည့်ပုံ..
" မင်းဒီနှစ်တွေမှာ ဘာလို့ ငါ့ကိုအဆက်သွယ်ဖြတ်ထားတာလဲ ? "
ငိုထားလို့ နီရဲနေတဲ့နှာခေါင်းလုံးလုံးလေးရယ် ငိုသံပါနေတဲ့ အသံချိုချိုလေးရယ်...
ပြောလဲပြော နှာတရှုံ့ရှုံ့လုပ်နေတဲ့လူသားလေးကို အသည်းယားလာတာကြောင့် ပါးဖောင်းဖောင်းလေးကို အားဖြင့်ဖြစ်ညှစ်လိုက်တော့"ရားးး ! ဆိုဂျောင်ဟွမ် နာတယ် "
" အူယားသွားလို့ပါကွာ sorry "
သူပြောတော့ မျက်စောင်းလှလှလေးကို ရလိုက်သည် ။
" မေးတာဖြေ "
"ဒီမှာပြောလို့မကောင်းဘူး တစ်နေရာရာသွားကြမလား ? "
"အွန်း "
ထွက်သွားတဲ့ လူနှစ်ယောက်ကြောင့် ဟရူတိုစိတ်ထဲ ဟာတာတာဖြစ်သွားရသည် ။ ဂျွန်ဂယူက သူ့ကို မေ့ပြီး ထွက်သွားတာမလား ?
VOCÊ ESTÁ LENDO
A Little World (Completed)
Fanficမောင်က မောင့်ရဲ့ ကမ္ဘာငယ်လေးကို အထိခိုက် ခံမှာတဲ့လား?