အပိုင်း ၁၂

1.2K 112 7
                                    

“ဖေဖေ အင့်”

အသားပြားတစ်ခုကိုခက်ရင်းနှင့်ထိုးကာ မင်းထက်မျက်နှာရှေ့ကိုယံယံကထိုးပေးသည်။

ခက်ရင်းကိုဆုပ်ကိုင်သည်ကပုံစံမမှန်တာကြောင့် အသားဟာပြုတ်ကျတော့မယောင်။

ရိုင်ယန် အကူအညီပေးမည်စိတ်ကူးရင်း ထိုင်ခုံ‌မှ ကျောအခြွ ပိုးချိုကလက်ဦးမှုယူကာ ထိန်းကိုင်ပေးလိုက်သည်။

“ဖေဖေ့ကိုကျွေးချင်နေတာလား”

ပိုးချိုကပြုံးရင်းဆိုလေပြီး မင်းထက်အားကြည့်သည်။

မသက်မသာလေးရယ်ရင်း မင်းထက် သားခွံ့သည့် အသားကိုစားလိုက်ရသည်။

ပြုံးရွှင်သွားသည့်သားအမိနှစ်ယောက်ကိုကြည့်ရင်း ရိုင်ယန့်မျက်ဝန်းထဲ ထော်လော်ကန့်လန့်ကိုဖြစ်လို့ ကော်ဖီခွက်ကိုဆတ်ခနဲဆွဲပြီး တဂျိုက်တည်းမော့ပစ်လိုက်သည်။

သူ မဆန်စွာ ကော်ဖီသောက်နေပုံကို မင်းထက်က အကဲခတ်နေပြီးနောက်

“ရိုင်ယန်”

အားလုံးရဲ့အကြည့်တွေကသူ့ဆီရောက်လာကြသည်။

“မနက်စာကို သေချာစားလေ ဗိုက်မပြည့်ရင် စာတွေမမှတ်မိပဲနေဦးမယ်”

“အင်း”

သူပြုံးရင်းထမင်းကောက်စားမိတော့ သားက သူ့ဘောင်းဘီအိတ်ကပ်ထဲမှ တစ်ခုခုနှိုက်ထုတ်ပြီး သူ့အားကမ်းပေးလာ၏။

“ဘာ‌လေးလဲ”

ဂျယ်လီတုံးလေးတွေဖြစ်ပြီး ယံယံက သူ့အားပေးပြီးရယ်ပြကာ ထမင်းပြန်စား‌နေသည်။

“ဟယ် ဂျယ်လီလေးတွေ မေမေကော မစားရဘူးလား”

ပိုးချိုမေးတော့ ယံယံကခေါင်းရမ်းသည်။

“လိုင်ယံ့အတွက်”

ရိုင်ယန်ဂုဏ်တောင်ယူချင်သွားသည်။ ယံယံက ထိုအတိုင်း သူချစ်တဲ့လူမှသာ ဂျယ်လီကျွေးခြင်းဖြစ်သည်။ ဒီအိမ်တွင် ယံယံကျွေးသည့်ဂျယ်လီစားရတဲ့လူမှာ မေရီနှင့်မင်းထက်သာ။ အခုတော့ သူပါ ထိုစာရင်းထဲပါသွားပြီဖြစ်သည်။

“ကျေးဇူးပဲနော် ယံယံလေး”

“အင်း အင်း”

“ဖေဖေအဝတ်အစားသွားလဲဦးမယ်နော်”

The Legacy (Complete)Where stories live. Discover now