အပိုင်း ၁၇

1.2K 100 3
                                    

“ကျွန်တော် S မြို့ကိုသွားရမယ်”

အသိပေးလာသည်ကို ဝမ်းသာပေမဲ့ ဘာကြောင့်သွားရသလဲသူသိနေပြန်တော့ မင်းထက်စိတ်မအေးနိုင်ပေ။

“အဆင်ပြေသွားမှာ၊ ကျွန်တော်က အရမ်းတော်တာ ကိုကိုသိတယ်မလား”

ပြုံးရယ်ကာပြောလေသည်က သူ့အပူတွေကို မြင်နေသည့်အတိုင်းပင်မို့ ပြုံးမိရသည်။

ဆံနွယ်တွေထဲတချက်ထိုးမွှေလိုက်တော့ ရင်ခွင်ထဲတိုးဝင်လာသည့်ကောင်လေး။
သူ့ထက်လေးနှစ်ငယ်သည့် ဒီကောင်လေးက စိတ်ဓာတ်ပိုင်းဆိုင်ရာကော အရာရာသူ့ထက်သာသည်။

ဒီလိုကောင်လေးကို မမျှော်လင့်ပဲ တွေ့ဆုံခဲ့ရသလို ဒီကောင်လေးအပေါ် စိတ်ရှိလာမည်ဟူ၍လည်း မတွေးဖူးခဲ့။
ကံကြမ္မာစီမံ‌လေရာလိုက်ပါရသည့်‌နောက် အန္တရာယ်ကြားထဲသွားခွင့်ပြုရမည့်အ‌ပေါ်  စိုးရိမ်စိတ်အလုံးအရင်း ဖြစ်ပေါ်နေရသည်။ တစ်ခါမျှဤမျှစိတ်မပူဖူးခဲ့။

“မထိခိုက်ရဘူးနော်”

လေးလံနေသည့်စိတ်ကြောင့် ‌မသွားလို့မရဘူးလားဟူ၍ ဆွဲတားပစ်ချင်ပေမဲ့ ထိုစကားတစ်ခွန်းသာ ထွက်သွားသည်။

“အင်း”

ရင်ခွင်ထဲခေါင်းအပ်ရာမှမော့လာရင်း သူ့နှုတ်ခမ်းတွေဆီတိုးကပ်လာတော့ မျက်ဝန်းတွေပိတ်ချမိသည်။

သူ့စိုးရိမ်စိတ်တွေကို ချွေးသိပ်သည့်သဘောမျိုးလားတော့မသိ အနမ်းတွေဟာ နွေးထွေးမှုအပြည့်ပါလျက် နှလုံးသားတို့ကပါ လိုက်ပါခုန်လှုပ်ကြသည်။

“လွမ်းနေပေး”

သူ့ရှေ့တွင်တော့ ချွဲနှစ်ကာရယ် ကလေးသဖွယ်ပေမဲ့ ငယ်သားတွေရဲ့ရှေ့တွင်တော့ ရိုင်ယန်ဟာ ဟိန်ဟန်အပြည့်နှင့် မျက်နှာထားတင်း၏။

ငယ်ရွယ်ပေမဲ့ တဇွတ်ထိုးမလုပ်တက်ပဲ ငယ်သားတွေဖက်အမြဲကြည့်သည့်ခေါင်းဆောင်ကောင်းတစ်ယောက်လည်း ဖြစ်သေးသည်။
ကာကွယ်မှုအပြည့်ပေးသည့်ယောကျာ်းတစ်ယောက်မို့ သူယုံစားမိသည်မှာလည်း အမှားတော့မဟုတ်ခဲ့ပါ။

အေးသည်တော့မဟုတ်ပေမဲ့ ရိုင်ယန့်ကိုသာထွေးပွေ့ရင်း အိမ်မက်ထဲတွင်တော့ စိုးရိမ်မှုကင်းကင်းနှင့် အေးချမ်းပါစေကြောင်း တောင်းဆုပြုမိသည်။

The Legacy (Complete)Where stories live. Discover now