(1)

22.7K 863 14
                                    

•••••••

မနက်ခင်း နေခြည်နွေးလေးက  မျက်နှာပြင်ပေါ်  ဖြတ်သန်းလာတော့ ဖြောင့်ဖြူးနေတဲ့ မျက်ခုံးတန်းနှစ်စုံက မသိမသာတွန့်ကွေးသွားပြီး မျက်တောင်ရှည် တစ်စုံက လေးလံစွာ ဖွင့်ဟန်ပြုပြီး ကောင်းကောင်းပွင့််မလာသေးချိန်မှာပင် မှိတ်ကျသွားရပြန်သည်။

အိပ်တစ်ဝက် နိုးတစ်ဝက်ကနေ စိတ်ထဲက မနက်ပိုင်း ဂျူတီရှိသည်ကို သတိရလာကာ လက်မောင်းနှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး နေ့တစ်နေ့ကို စတင်ရတော့သည်။

"ဒေါက်တာ ....ဒေါက်တာ...ဒေါက်တာရှင်းသာ"

"ဟင်"

ကြည်ရှင်းသာတစ်ယောက် နားနေခန်းထဲ သွားဖို့ ကသုတ်ကရိုက်လုပ်နေတာကြောင့် ဘေးမှ သူနာပြုမလေး ခေါ်နေတာကို တော်တော်နဲ့ မကြားနိုင်ပေ။

"ဆောရီး ဆရာမ ကျွန်တော်မကြားလိုက်လို့"

"ဟုတ် ရပါတယ် ဒေါက်တာ ၊ဒေါက်တာလည်း အလုပ်များနေတာကိုး ဒါနဲ့ ဒီနေ့ ဆေးရုံဥက္ကဋ္ဌလာမယ်တဲ့"

"အင်း ဘာများထူးလို့လဲဟင်"

"ထူးတယ် ဒေါက်တာရဲ့ ဆေးရုံကို စံနှုန်းတစ်ခုအထိ သတ်မှတ်ပြီး အကုန်လုံးပြောင်းပစ်မယ်လို့ကြားတယ်"

"အော် အစည်းအဝေးမှာ အတည်ပြုမှာမလား"

"ဟုတ်ကဲ့"

အခုထိ မနက်စာမစားရသေးတာကြောင့် ကြည်ရှင်းသာစိတ်အစုံက နာမည်နဲ့ဆန့်ကျင်စွာပင် ကြည်လင်မနေပါ။ထို့ကြောင့် ဆေးရုံတစ်ခုလုံး ပါရဂူများမှ သန့်ရှင်းရေးဝန်ထမ်းအထိ အကုန်စပ်စုတတ်သော သူနာပြုဆရာမကို လျစ်လျူရှုလိုက်သည်။

သူ့အစာအိမ်ထဲက သံစုံတီး၀ိုင်းက တဂိုးဂိုးတဂွမ်ဂွမ်ပင် မြည်နေပြီဖြစ်သည်။

"နေခြည်  ကိုယ်အပြင်ခဏသွားမယ်"

"ဟုတ်ကဲ့ ဒေါက်တာ"

ဆေးကောင်တာမှာ ထိုင်နေသည့် တာဝန်ကျကောင်မလေးကို အသိပေးပြီး ဆေးရုံဘေးက ကော်ဖီဆိုင်ကို ထွက်ခဲ့လိုက်သည်။

ကြည်ရှင်းသာအလုပ်လုပ်နေတဲ့ ဆေးရုံက ပုဂ္ဂလိကပိုင်ဖြစ်ပြီး နာမည်ရသည့်အထဲပါသည်။

ကင်း (ကင္း)Where stories live. Discover now