(2)

12.3K 659 10
                                    

"Welcome သားကြီး ။ လာမှ လာပါတော့မလားလို့"

" အင်း ဆေးရုံ meeting တက်နေရလို့ နောက်ကျသွားတာ"

"အင်း....သောက်"

ကြည့်ရတာ သူလာတာ အတော်ပင် နောက်ကျနေပြီထင်သည်။သီဟက မှောက်ပင်မှောက်နေပြီ ဖြစ်သည်။ကိုဖြိုးကလည်း တစ်ချိန်လုံးရယ်ပြနေပြီး ခွန်စိုင်းတစ်ယောက်ပဲ ခါးမတ်မတ်ထိုင်နိုင်တော့တာဖြစ်သည်။

"Congratulations ကွာ ပြိုင်ဘက်ကင်း။ ဆက်ခံသူနေရာကို လွှဲပြောင်းပေးတော့မယ် ကြားတယ် ငါ့ညီက အကောင်းဆုံးလုပ်နိုင်မှာ ယုံတယ်"

"ကျေးဇူးတင်ပါတယ် ကိုစည်သူ"

ကိုစည်သူက ဒီဆိုင်ပိုင်ရှင်ဖြစ်ပြီး ပြိုင်ဘက်ကင်းတို့ ကုမ္ပဏီလုပ်ငန်းအချို့မှာလည်း ရှယ်ယာဝင်ထားသေးသည်။

"ကင်း  မင်းအဲ့လောက်ပြောင်းလဲနိုင်သွားမယ်မထင်ဘူး"

"အဟား သိပ်တော့လည်း မခက်ပါဘူးကွ။"

"ဂရုတစိုက်လည်း လုပ်အုန်းနော် ငါ့ကောင် အကောင်ကြီးသားစားချင်နေတဲ့လူတွေက အများကြီးပဲ။ မင်းဘိုးတော်က ဘာမှအတွေ့အကြုံမရှိသေးတဲ့ မင်းကိုဆက်ခံသူနေရာပေးတော့မယ်ဆိုတော့ အပိုင်တွက်ထားပြီး အောင်ပွဲခံချင်နေကြတဲ့သူတွေမှ အများကြီးကွ"

ကိုဖြိုးရဲ့ လေသံက မူးနေပေမယ့် စိုးရိမ်မှုက အပြည့်။ခွန်စိုင်းကလည်း ထပြောသည်။

"ဟိုကောင် ရဲမာန်ဆို ပိုဆိုးသေးတယ် ကင်း။အဲ့အကြောင်း မင်းဘိုးတော် သတင်းစာရှင်းလင်းပွဲလုပ်တဲ့နေ့က  လျှို့ဝှက်ပါတီတောင်လုပ်တယ်တဲ့ "

"အဟက် အဲ့ကောင်တွေကို ပြန်မေးလိုက်ကွာ မင်းတို့ ဆင်ထားတဲ့ဂွင်ထဲအတိုင်း တည့်တည့်ကြီး ဆင်းလာရအောင် ငါ့နာမည်က ဘယ်သူလဲ လို့ "

ယုံကြည်မှုအပြည့်နဲ့ လေသံကို ကြားလိုက်ရတော့ သူတို့ရင်ထဲ သံသယစိတ်လေးနည်းနည်းတောင် မကျန်တော့ပေ။ပြိုင်ဘက်ကင်းက စပြီးရင် နောက်ပြန်မလှည့်တတ်သည့် လူမျိုးဖြစ်သည်။

"ဒါနဲ့ မင်းအခုဘယ်မှာနေလဲ။မင်းဘိုးတော်ဆီမှာပဲလား "

"ကွန်ဒိုမှာပဲ နေတယ်"

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Jul 12, 2023 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

ကင်း (ကင္း)Où les histoires vivent. Découvrez maintenant