ကားပေါ်ရောက်ရောက်ချင်း...သူ
ဥက္ကာ ဆီ ဖုန်းခေါ်လိုက်သည်။
(hello Boss )
"ညကြရင်.. အတော်ဆုံး ၂ယောက်လောက် ရာဇ ဆိုတဲ့ ကောင်
အိမ်ကိုပို့လိုက်...မနက်ဖြန်သတင်းစာ ထဲ မှာ မတော်တစ ဂက်စ်အိုး ပေါက်ကွဲ မှု့ကြောင့် မီးလောင် သေဆုံးခြင်းဆိုတဲ့ စာတန်းငါ မြင်ချင်တယ်။ သြော်.. မြေစာချုပ်နဲ့ သူ့လက်မှတ် ပါအောင် ယူခဲ့ဖို့ မမေ့နဲ့”
"ဟုတ်ကဲ့ပါ Boss ဒါနဲ့ Plan B ကရော Boss”
"ရတယ် Plan B မပြင်ထားနဲ့..တဖက်က ကောင်က မြွေပွေးလား မြေခွေးလား သိချင်သေးတယ်... အတော်ဆုံး ၂ယောက် သတ်လို့ သေရင်တော့ သူညံ့လို့ပေါ့ မသေသေးရင် လွှတ်ပေးထားလိုက်ဦး..ကစားလို့ ဝမှ ရှင်းကြမယ်”
ဖုန်းချအပြီး..သူ ခပ်ဟဟ ပြုံးလိုက်သည်။
ငါ့ကိုအပြစ်မတင်နဲ့ရာဇ..မင်းက ငါ့ကိုမှ ခြေရာလာတိုင်း ချင်နေတာကိုး....
....................................................
ရာဇ...နာရီကို ကြည့်ရင်း
မစောတော့ဘူးပဲ..ပြင်သင်.တာပြင်ရတော့မဲ့အချိန်ရောက်လာပြီ...။
သူ့ ဦးက သူ့ကို ဒီတိုင်းလွှတ်ထားမှာ..မဟုတ်ဖူးဆိုတာ..သူသေချာသိပြီးသားပဲလေ။ ထိုသို့ တွေးမိရင်း..သူနှုတ်ခမ်းတောင့်တွေ ဦးအကြောင်း.. သူ့အပြင် ဘယ်သူကများပိုသိနိုင်ပါ့မလဲ
"တီတီ....ဟယ်လို..အကိုလေး”
"အွန်း..အဖွဲ့ကိုအားလုံး ပြင်ဆင်ထားဖို့ပြောလိုက်...ဧည့်သည်တွေက အချိန်မရွေး..ငါ့အခန်းထဲ..အလည်ရောက်လာနိုင်တယ်..မပေါ့လျော့မိစေနဲ့..လွတ်သွားလို့ မရဘူး”
(စိတ်ချပါအကိုလေး )
ဖုန်းချအပြီး.. သူ ပြုံးရင်းတွေးလိုက်မိတယ်။ ကျွန်တော် နဲ့ အတူကစားဖို့ အဆင်သင့်ဖြစ်ပြီလား..ဦး။
....................... ............................
ရေချိုးခန်းထဲ က ထွက်လာလာချင်းကြားလိုက်ရတဲ့ ဖုန်းဝင်သံကြောင့်..ဦးခေတ် နာရီလှမ်းကြည့်လိုက်မိတယ်။
ည၁နာရီ ခွဲ.........
ဒီအချိန်ကြီး..ပုံမှန်ဆို ဘယ်သူမှ သူ့ ကိုယ်ပိုင်ဖုန်းကို မခေါ်ရဲတာမို့...တချက်တော့..တွေးခနဲ ဖြစ်သွားမိတယ်။ကြည့်လိုက်တော့ ဖုန်းနံပက် အစိမ်းတခု...။သူလဲ ရှည်ရှည်ဝေးဝေးတွေးမနေတော့ပဲ..ဖုန်းကိုင်လိုက်သည်။
ESTÁS LEYENDO
ရှေးဦးခေတ် ရဲ့ရာဇဝင် (COMPLETE)
Acción#ZAWGYI LINK👇 https://www.wattpad.com/story/311540604?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=YoonMyatThadar&wp_originator=CI03VrdZkuS%2BeIW2Uzjqkq0aR9D42CBaEB6yzubJ6LwPOPaI3cMPuBD%2FLjFS6bNtZxuNCFVbECEJ...
