Chapter 1 U

625 56 15
                                    

Unicode


"​ေ -ွးသားက ယုတ်မာလိုက်တာ..ငါ့ဘေဘီလေးသနားပါတယ်...ဟို​ေ-ွးမ နင့်ကို ငါသတ်မယ်..."

" ဟာ  ဒီမီးခလုတ်ကလဲ ခြေထောက်နဲ့မလွတ်လိုက်တာ...."

" အားးးးးးးးးးးးးးး "

.. ဟင်    ဖြူဖြူကြီးတွေပါလား။ ဘာလဲ ဒါနတ်ပြည်လား ။ ဟ ဟ ဘေဘီလေးတွေကို ငါချစ်တာမှန်ကန်လို့ နတ်မင်းကငါ့ကို နတ်ပြည်တင်ပေးလိုက်တာပဲ။
ဟမ်.ငါ့ခြေထောက် ငါ့ခြေထောက်တွေဘာလို့လှုပ်မရတာလဲ...  အမေရေ  အမေ့သမီးတော့ ခြေကျိုးနဲပြီထင်တယ်အမေရေ...ဟီးဟီး.။

မားမားရှင်း   .....  ဆရာ  ကျမ့သမီးစိတ်ရောဂါတော့မရဘူးမလားဆရာ

ပါးပါးရှင်း......  အရူးထောင်သာပို့လိုက်ကြရအောင်မိန်းမရယ်

ကိုကိုရှင်း........ ထမင်းပို့ဖို့ သားတာဝန်ယူပါတယ် မေမေတို့

အသဲတုံးလေးရှင်း...... (ပြောစရာစကားများပျောက်ရှ)

ရှင်းဝေ့ပိုင်  Novelတခုဖတ်ရင်း မီးခလုတ်ကို ခြေထောက်နဲ့ကန်လိုက်သောကြောင့် ဓာတ်လိုက်ကာ သေဆုံးသွားခဲ့သည်။

ဒါပေမဲ့  သူမသေဆုံးပြီး ဝတ္တုတပုဒ်ထဲက  အမြှောက်စာတောင်မမည်တဲ့ဖြတ်လျှောက်သာသာဇာတ်ကောင်လေးအ​ဖြစ် ကူးပြောင်းလာခဲ့သည်။

..ငါလေး အခုချိန် ပြန်သေရင်မှီသေးလား???...

မူလပိုင်ရှင်သည် ဇာတ်လိုက်မင်းသားကုကျန်းယန်ကို အသေရရအရှင်ရရ လိုချင်နေသောသူဖြစ်သည်။ ဒါပေမဲ့  ဇာတ်လိုက်ကတော့ သူမကို  တခါမှမြင်လဲမမြင်ဖူး ကြားလဲမကြားဖူးချေ။
ဇာတ်လိုက်မလင်ရှိုးယွမ်ကတော့  မြင်သမျှလူတိုင်းက အချစ်ပိုပြီးမြတ်နိုးရသူဖြစ်သည်။
ပထမဇာတ်လိုက်လဲ လင်ရှိုးယွမ်ကိုချစ်သည်။
ဒုတိယဇာတ်လိုက်ကလဲ လင်ရှိုးယွမ်ကိုချစ်သည်။တတိယဇာတ်လိုက်ကလဲ လင်ရှိုးယွမ်ကိုချစ်သည်။ လေးယောက်မြောက်ဇာတ်လိုက်ကလဲ..... လင်ရှိုးယွမ်ကိုသာချစ်သည်။ *မင်းမေမိုးလင်းအကုန်လုံးသာချစ်နေကြဟေ့*
ဒီဇာတ်လမ်းက Mary Sueဇာတ်အိမ်အမျိုးအစားဖြစ်သည်။ တလောကလုံးက ချောမောပြီးချမ်းသာတဲ့ယောက်ျားတိုင်းက ဇာတ်လိုက်မကို ချစ်သည် ။ 
ရှင်းမိသားစုသည်  Yမြို့တော်တွင် ထိပ်တန်းမိသားစုငါးစုထဲမှ မိသားစုတစုဖြစ်သည်။ပထမမိသားစုက ကုမိသားစု ။ ကုမိသားစုနဲ့ပက်သက်သောစီးပွားရေးလုပ်ငန်းများသည်ရေတွက်၍မနိုင်လောက်အောင် များပြားလွန်းသည်။ မိသားစုတစုချင်းစီက နယ်ပယ်အသီးသီးမှာ ထိပ်တန်းအဆင့်ရှိကြသည်။

ရှင်းဝေ့ပိုင် မူလပိုင်ရှင် စက်ဘီးမှောက်လဲပြီးခြေကျိုးနေတဲ့အချိန်ကို ကူးပြောင်းလာသည်။
Yမြို့တော်ရဲ့အမှတ်တစ် အထက်တန်းဒုတိယ နှစ်ကျောင်းသူဖြစ်ပြီး  စာလဲမတော် ဘာမှမလုပ်နိုင်တဲ့အားနည်းတဲ့ကောင်မလေးဖြစ်သည်။ အခုလဲ ဇာတ်လိုက်ကုကျန်းယန်က ကျောင်းကို စက်ဘီးနဲ့လာသည်ဟုကြားသဖြင့် မွေးကထဲက ၁၆နှစ်အထိ တခါမှမစီးဖူး၊မကိုင်ဖူးသောစက်ဘီးအား  ကောက်စီးရာမှ မနင်းတတ်ပဲကုန်းဆင်းကြီးကို နင်းချသဖြင့် မှောက်လဲကာ ခြေထောက်တဖက်ကျိုးသွားခြင်းဖြစ်သည်။ ရီစရာအချက်က
အစမှအလယ် အလယ်မှအဆုံးထိ သူမ၏ဖြစ်တည်မှုကို ဇာတ်လိုက်ကလုံးဝမသိရှိချေ။
ပိုပြီးရီစရာကောင်းတာက မူလပိုင်ရှင်က စက်ဘီးမှောက်လဲတာကိုလန့်ပြီး သေသွားတယ်တဲ့အရပ်ကတို့ရေ...... 😑။
'F**ငါလေးက ကံကောင်းလွန်းလိုက်တာ'

1Ml......  မင်းကဘယ်သူလဲ?.ထားလိုက်ပါအရေးမကြီးဘူး.အခုငါ့ရဲ့လက်တွဲဖော်ပဲ

2ML.... မင်းကြောင့် ငါ့နှလုံးသားအရမ်းခုန်သွားတယ်။တာဝန်ယူပေးပါ။

3ML.... မင်းလဲ ကြောင်ချစ်တယ်။ငါလဲကြောင်ချစ်တယ်။သေချာတယ်ဒါကဖူးစာပဲ။

4ML.... ရှင်းဝေ့ပိုင် ငါရဲ့သတို့သမီးနေရာကိုယူပေးပါ။

MC..... အမ်းးးးး  အဲ့တာတွေက စားလို့ရလား???

Boss.... မင်း    ငါ့အိမ်ရှင်မလာလုပ် ကြိုက်တာဝယ်ကျွေးမယ်

MC... ဟုတ်ကဲ့ ကိုကို လောင်ကုန်း အချစ်တုံး အသဲတုံး ကျမရဲ့တဦးတည်းသောအိမ်ရှင်ထီးရေ 😍😍

ဇာတ်လိုက်များ   "........"

#ဟဲလို  ဒါလေးစဥ်းစားနေကြာပြီ။ ဟိုဘက်ကမပြီးသေးပဲဇာတ်ခုန်ကူးချင်နေတဲ့ဒီဟာမကြီးကို ဝိုင်းထိန်းပေးကြပါဦး။ ရှင်းဝေ့ပိုင်က ပိုင်ဝေ့ရှင်းပါ 😆။  မင်းသမီးနာမည်ကို တခါထဲကန်ထရိုက်ဆွဲထားတာ။ နာမည်မပြောင်းဘူး(ပျင်းလို့)။ ဒါလေးက ကိုယ့်ရဲ့စိတ်ကူးယဥ်ဇာတ်လမ်းလေးပါ။ဘာသာပြန်လုံးဝ လုံးဝမဟုတ်ပါဘူးနော်။ အရင်ဇာတ်လမ်းတွေကလဲဘာသာပြန်မဟုတ်ပါဘူးနော်။တချို့တွေဘာသာပြန်ထဲထည့်နေတာတွေ့လို့ပါ။ ကိုယ့်ရဲ့ကလေးတွေကိုချစ်ပေးကြလို့ကျေးဇူးတင်ပါတယ်။

ဒါနဲ့ ဒါဒါလေးတယောက်လာမေးထားလို့  blမရေးဖူးလားတဲ့။ normalပဲရေးမှာလားဆိုလို့ပါ။  blရေးဖို့တွေးပါသေးတယ် ဒါပေမဲ့  ဒီဘက်မှာတောင် အသုံးမကျသေးတာ။ဟိုဘက်ကိုမကူးတာပါ😆။

အများကြီးကြိုးစားရဦးမည့်
   #DZ
29.4.2022(2:20am)

ကူးပြောင်းလာပြီးနောက်  ငါလေးက စောက်ရမ်းမိုက်လာတယ်Where stories live. Discover now