Chapter 3 U

393 50 9
                                    

Unicode

" ပိုင်အာ..ညီမလေး..အဆင်ပြေရဲ့လား?..ခြေထောက်(ထောက်)ရတာအရမ်းနာနေလား?..."

" ပြေတယ် ကိုကို...ဒီလောက်ကတော့ ေအးဆေးပါ..."

ရှင်းဖေးပိုင် ရှင်းဝေ့ပိုင်ဆီက ကိုကိုဟု အခေါ်ခံလိုက်ရသဖြင့် အနည်းငယ်ဆွံ့အကာ ယွဲ့ယင်းဝေကို လှမ်းကြည့်လိုက်သည်။ ယွဲ့ယင်းဝေက 'ငါမပြောဘူးလား'ဟူသောအဓိပ္ပါယ်ဖြင့် မေးဆတ်ပြသည်။ ရှင်းကျန့်ကလဲ သမီးဖြစ်သူကို သေချာစွာစိုက်ကြည့်နေသည်။

ရှင်းဝေ့ပိုင် ထိုင်ခုံမှာဝင်ထိုင်ရင်း လူသုံးယောက်ရဲ့အပြုအမှုကို အကဲခတ်နေသည်။.အင်း ဒီလူတွေက သူမရဲ့ပြောင်းလဲမှုကိုလက်ခံဖို့ အတော်ခက်ခဲနေကြတာပဲ..။

" ေဖဖေတို့... သမီး ပြောစရာရှိတယ်..."

" ပြော သမီး ...သမီးဘာလိုချင်လို့လဲ..မုန့်ဖိုးလား?... တသိန်းဆိုရလား?..."

ရှင်းဝေ့ပိုင် ရှင်းပါးပါးကို ခေါင်းလေးငဲ့စောင်းပြီး ကြည့်လိုက်မိသည်။... ဒီအဖေက သူ့သမီးကို အရမ်းအလိုလိုက်ထားတာပဲ..။

" မဟုတ်ပါဘူး.. သမီး ခရီးတခုလောက်ထွက်ချင်တယ်... ဒဏ်ရာနဲ့နားရင်း တနေရာကိုသွားချင်လို့ပါ.. ခွင့်ပြုပေးပါလား.."

"သမီးလေး ...ခြေထောက်က အဆင်မပြေတာကို ဘယ်သွားချင်လို့လဲကွယ်...သက်သာမှသွားလေ...အဖေလိုက်ပို့ပေးမယ်..."

"မဟုတ်ဘူး..သမီးတယောက်ထဲသွားချင်တာ..ဒီရက်ပိုင်းအရေးမပါတဲ့ကိစ္စတခုကို အာရုံထားမိလို့ စိတ်ရှင်းအောင်သွားချင်တာပါ.."

ရှင်းကျန့်နဲ့ယွဲ့ယင်းဝေတို့ တယောက်ကိုတယောက်ကြည့်ကာ ဆုံးဖြတ်ရခက်နေသည်။ ဒါကိုမြင်တဲ့ရှင်းဖေးပိုင်က ဝင်ပြောလိုက်သည်။

"ကိုကို သိတဲ့နေရာတခုရှိတယ်...ညီမလေးသွားချင်လား...ပင်လယ်နဲ့နီးတော့ စိတ်ကိုလန်းဆန်းစေမှာသေချာတယ်..."

" ညီမလေးက B cityက နေရာကိုသွားချင်တာ.."

" အင်း ကိုကိုပြောတာလဲ အဲ့နေရာပဲ...(....)ပင်လယ်ကမ်းခြေလေ...သူက တောင်တန်းတွေနဲ့ဆက်စပ်နေပြီးတော့ အရမ်းအေးချမ်းတယ်... အခုချိန်ဆို ညီမလေး ကြိုက်တဲ့ကဏန်းတွေအရမ်းပေါနေပြီ...အကောင်တွေလဲ ကြီးတယ်.."

ကူးပြောင်းလာပြီးနောက်  ငါလေးက စောက်ရမ်းမိုက်လာတယ်Where stories live. Discover now