The one that got away

533 37 2
                                    

16.6.2014

ဒီနေ့ hao ကို ထာဝရကိုယုံလားလို့မေးတော့ "ထာဝရမှာ မင်းရှိမယ်ဆို ယုံတယ်"တဲ့.. minghao ဆီက အဲ့လိုစကားကြားရတာပထမဆုံးပဲ.. Seo Myungho ဒီတစ်ခါတော့ တစ်မှတ်ယူ (^^)丿 မယုံဘူးဆိုပြီး ထထွက်သွားတဲ့ Kim Mingyu ကတော့ -1 !!

လက်ထဲက စာအုပ်ကို ခဏချပြီး ဝဲတက်လာတဲ့ မျက်ရည်တွေကို သုတ်ပစ်မိသည်။ သူအဲ့လိုဖြေခဲ့တုန်းက သဘောတကျ ပြုံးနေတဲ့ Seokmin ကို သူခုထိမေ့မရပါဘူး။ နောက်လည်းမေ့ရမယ်မထင်ဘူး။ လူတိုင်းက သူ့ကို Myungho လို့ပဲခေါ်ကြပေမယ့် Seokmin ကတော့ သူ့ကို နာမည်တွေစုံနေအောင်ခေါ်တတ်တယ်။

သူရယ် Seokmin ရယ် Mingyu ရယ်က အလယ်တန်းထိ တပူးပူးတတွဲတွဲနဲ့ အချစ်ဆုံးသူငယ်ချင်းတွေ။ အထက်တန်းမှာ Mingyu က ဘောလုံးအသင်းကို ရွေးလိုက်တော့ ပန်းချီအတန်းတက်ဖို့ရွေးခဲ့တဲ့ သူတို့နှစ်ယောက်နဲ့ အရင်ကလောက် တစ်တွဲတွဲမဟုတ်တော့။ သူတို့သုံးယောက်ဆုံတဲ့အခါ Mingyu က အဖွဲ့လိုက် လေ့ကျင့်စရာပေါ်လာလို့ဆိုပြီး ထထွက်သွားရင် Seokmin နဲ့ Mingyu ရန်ဖြစ်ပြီး တစ်ပတ်လောက် စကားမပြောကြရင် ကြားထဲက ပင်ပန်းရတဲ့သူက Myungho ပါပဲ။ အဲ့နေ့ကလည်း သူတို့နှစ်ယောက်လုံးကို မေးပေမယ့် Mingyu က လေ့ကျင့်ဖို့သွားရမှာမို့ဆိုပြီး "မယုံဘူး" ဟု အမြန်ဖြေကာ ထထွက်သွားသည်လေ။






"ထာဝရဆိုတဲ့ စကားကိုယုံလား hao"

"ဘာ​လို့လဲ"

"ငါ့ကိုပြန် မမေးနဲ့ ငါမေးတာကိုပဲဖြေစမ်းပါ"

"ထာဝရမှာ မင်းရှိနေမယ်ဆို ယုံတယ်"

သူအဲ့လိုပြောတော့ Seokmin ဆီကနေ သဘောကျတဲ့ ရီသံလေးတွေထွက်လာရော။ အသက် ၁၇နှစ်အရွယ် Seokmin က အဲ့လိုမျိုး ရုတ်တရက်ဆန်တာတွေ ပြောရတာ လုပ်ရတာကို သဘောကျတယ်။ ဒါကိုလည်း Myungho က သဘောကျပါတယ်။ အဓိကက Seokmin ပျော်နေဖို့ပဲ။






စာအုပ်ကနည်းနည်းဟောင်းနေပြီဆိုပေမယ့် စာတွေကဖတ်လို့ရနေတုန်းပဲ။ Seokmin က diary ရေး​လေ့မရှိပေမယ့် ထူးထူးဆန်းဆန်း ဒီစာအုပ်ထဲမှာ သူတို့အကြောင်းတွေကိုရေးထားတယ်။ နေ့တိုင်းရေးတာမျိုး မဟုတ်တောင် အမှတ်ရစရာတွေကို သေချာရေးမှတ်ထားတာ။ ထပ်ပြီး ဝေ့တက်လာတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။ Seokmin က သူငိုတာကိုမကြိုက်ဘူးလေ။


𝖳𝗁𝖾 𝗈𝗇𝖾 𝗍𝗁𝖺𝗍 𝗀𝗈𝗍 𝖺𝗐𝖺𝗒 | 𝗌𝖾𝗈𝗄𝗁𝖺𝗈Where stories live. Discover now