Part-10

22.3K 1.3K 19
                                    

ခရီးကပြန်ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲ...အိမ်ပြန်ရောက်လို့မှမကြာ သွေးကြောနန်းတော်နဲ့ ကျွန်တော်လက်ထပ်တော့မယ်ဆိုပြီး ပြောလာတဲ့သား။

ပုံစံကသူမကို အသိပေးရုံပဲရှိပြီး ဆက်လုပ်ဖို့ရှိနေပုံ..သူမကတော့ သွေးကြောနန်းတော်နဲ့သားငယ်ကိုဘယ်လိုမှကိုသဘောမတူနိုင်။ ငယ်ငယ်တုန်းကကျ အကိုနဲ့ညိ..အခုကျတော့ညီနဲ့ ပြန်လာတာတောင်မကြာသေး..လက်ထပ်မယ်ထိပါဖြစ်နေပြီ။

"သားငယ် မာမီကတော့ သွေးကြောနန်းတော်နဲ့ သဘောကိုမတူနိုင်ဘူး"

ဧည့်ခန်းထဲမှာ သားအမိနှစ်ယောက်အကြည့်ချင်းစစ်ခင်းရင်း တော်တော်ကြာမှ သူမစီက ထွက်လာတဲ့စကား...။

"သဘောမတူလည်းကိစ္စမရှိပါဘူး မာမီ ကျွန်တော်အသေအချာဆုံးဖြတ်ပီးတဲ့ကိစ္စမို့ ဆက်လုပ်မှာပါ ပီးတော့ လက်ထပ်ပီးသွားရင်လည်း သွေးကြောနန်းတော်က ဒီအိမ်မှာလာနေမှာမဟုတ်ဘူး"

ရင်ကိုစုံကန်လိုက်သလိုပင်...သားငယ်က လက်ထပ်သွားရုံတင်မက သူမရဲ့ရင်ခွင်ထဲကပါ ထွက်သွားမယ်ဆိုတာကိုလက်မခံနိုင်သေး။

သွေးကြောနန်းတော်ဆိုတဲ့ကောင်ကိုတစတစထက်တောင်ပိုမုန်းလို့တောင်နေပြီ။ သားအမိတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ခွဲသွားတဲ့ကောင်။ ယောကျာ်းတန်မဲ့နဲ့ ..

"မာမီ သဘောမတူဘူးလို့ပြောနေတယ် ကမ္ဘာခြံရံ မင်းလုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေလား"

"ကျွန်တော် မာမီတို့စီကနေ ခွဲထွက်သွားတဲ့ အသက်17နှစ်ထဲပါ အခု ကိုယ်တိုင်လည်း လုပ်ငန်းရှင်တယောက်ဖြစ်နေပြီဆိုတော့ ကိုယ်ချစ်တဲ့လူတောင် ယူလို့မရဘူးလား"

"လိင်တူချစ်တာကို မာမီတို့လက်ခံပေးနိုင်တယ် မင်းအကို သာကြည်ခြံရံတောင် အဲ့လိုမျိုးယူထားသေးတာပဲ မင်းယူရင်တောင် သွေးကြောနန်းတော်ကိုမယူရဘူး"

"ကျုပ်ကလည်း သွေးကြောနန်းတော်ကိုပဲ ယူမှာ မာမီ"

သားအမိတွေရဲ့စစ်ပွဲက တစ်စတစ်စ တော်တော်ကိုပြင်းထန်လာပြီ။

သွေးကြောနန်းတော်နဲ့ယူရင် သူအဲ့လိုတွေအများကြီး စကားပြောရမှာသိပေမယ့် ဒီလမ်းကိုပဲ ရွေးခဲ့တာ...။

ALLURE (မောင့်ရဲ့ညို့ဓာတ်) (COMPLETED)Nơi câu chuyện tồn tại. Hãy khám phá bây giờ