55+56

1K 125 0
                                    

Zawgyi

55. Ancient Times: Jealous

မုချင်းဟန်က အေးစက်စက် ပြောလာတယ်။
“ထွက်သွား!”

လုကျင်းယောင်က ပက်ခနဲ ပြန်ပြောတယ်။
“ကြင်ယာတော် ယောင်ယောင်က ကျွန်တော်မျိုးမကို အရှင့်ဘေးမှာနေပြီး စောင့်ရှောက်ပေးစေခဲ့တာပါ”။

မုချင်းဟန်က သူ့ရဲ့ လက်အနားစကို မ,လို့ လုကျင်းယောင်ကို ဆွဲပြီး လွှင့်ပစ်လိုက်တာမို့ နံရံနဲ့တိုက်မိပြီး ကြမ်းပြင်ပေါ် ဖုတ်ခနဲ ပြုတ်ကျလာတာများ နှုတ်ခမ်းထောင့်ကနေတောင် သွေးတွေစီးကျလာရတဲ့အထိပဲ။

စူးပေ့ မမြင်ရပေမယ့်လို့ လုကျင်းယောင် ဘယ်လောက် နာသွားမယ် ဆိုတာကိုတော့ ခံစားမိနေတယ်။

မုချင်းဟန်က ထပ်ပြောတယ်။
“ထွက်သွားစမ်း”။

ဒီတစ်ကြိမ်မှာတော့ သူ့က လူသတ်ချင်နေတဲ့ အရိပ်အငွေ့တွေကိုပါ ထုတ်ပြလာတာမို့ လုကျင်းယောင်ခမျာ နာကျင်မှုကို သည်းခံပြီး အမြန် ပြေးထွက်သွားရပါလေရော။

မုချင်းဟန်က ကုတင်ဘက်ကို လျှောက်သွားပြီး
“အရှင်က သိပ်ကို ကံကောင်းတာပဲနော်!”

စူးပေ့က မျက်လုံးကို အမြန်ဖွင့်လို့ ဖြူဖြူစင်စင်လေး ပြုံးပြလိုက်ပြီး
“ဘုရင်ခံကြောင့်သာ မဟုတ်ရင် ငါကိုယ်တော် အမိခံရတော့မလို့ပဲ”။

မုချင်းဟန်က စူးပေ့ရဲ့ မျက်နှာမော့မော့ကလေးကို ကြည့်ပြီး ဒေါသတွေတောင် နည်းနည်းပြေသွားသလိုပါပဲ။ သူ့အေးစက်စက် သက်ပြင်းချလိုက်ရုံကလွဲပြီး ဘာမှကို ထပ်မပြောတော့တာ။

စူးပေ့က အိပ်ယာပေါ်မှာ လှိမ့်နေရင်းကနေ ထလိုက်ပြီး ပြောတယ်။
“ကိုယ်တော် ထင်တာတော့ လုကျင်းယောင်မှာလည်း ပြဿနာ တစ်ခုခု ရှိနေသလားပဲ”။

“ချင်းယန်ရဲ့ အလောင်းကလည်း အခုထိကို ရှာမတွေ့သေးဘူး”။

မုချင်းဟန်က သူ့ကိုယ်သူ ဟာသကြီး ဖြစ်နေသလို ပုံစံမျိုးနဲ့ စူးပေ့ကို စိုက်ကြည့်လာတယ်။ သူဘာလို့ အဲဒီလူကို ကူညီမိပြန်တာလဲ?

သူက နောက်တစ်မျိုး ထပ်ပြောလာတယ်။
“အခုချိန်မှာ အရှင့်အနေနဲ့ တစ်စုံတစ်ခုကိုတော့ဖြင့် ဆုံးဖြတ်ချက် ချသင့်နေပါပြီ။ တကယ်လို့ အရှင်က မဆုံးဖြတ်နိုင်သေးဘူး ဆိုရင်တော့ အရှင်က သတိမေ့ချင်ယောင် ဆောင်နေတယ်ဆိုတဲ့ သတင်းကို ဖြန့်ရပါလိမ့်မယ်”။

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now