99+100+101(Arc-3:End)

1.4K 168 8
                                    

Zawgyi

99. Psychology: Xiao Qianran's Past

ရှောင်ချန်းရန်ကလည်း အကြောင်းအားလျော်စွာ ရောက်လာတဲ့ လူနာ အချို့နဲ့ တွေ့တာတို့ ဘာတို့‌ လောက်ပါပဲ။

ဘာပဲဖြစ်ဖြစ် ဒီအတောအတွင်း ဘဝကြီးက လုံးဝကို ဗလာသက်သက်ပဲ။

စူး‌မိဘတွေကတော့ စူးပေ့က အစအဆုံး သေချာ ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် စူးမေမေကတော့ သူ့သားက အဲဒီလူကို စကြိုက်တာ က ဒီပြဿနာရဲ့ အကြောင်းအရင်း မဟုတ်ဘူးလို့ တွေးပြီး ရှောင်ချန်းရန်ကို တတ်သမျှ မှတ်သမျှသော စကားလုံးတွေနဲ့ ရှယ်ကို စော်ကားတော့တာပါပဲ။

သူက သူ့ကလေးသူ တကယ်ကြီး ဖျက်လို့ဖျက်ဆီး လုပ်နေတာပဲ!

စူးပေ့ရဲ့ စိတ်ထဲမှာ နေ့ရက်တွေက ဒီအတိုင်း ပုံမှန်ပဲလို့သာ တွေးမိနေပေမယ့် တဖြည်းဖြည်းနဲ့ ဘာလို့ရယ်မသိ သူ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အိပ်လာတယ်။

သူက သူ့ရဲ့ခန္ဓာကိုယ်မှာ တစ်ခုခု ဖြစ်နေတာကြောင့်လို့သာ တွေးမိပြီး ဆေးရုံကို သွားပြချင်နေခဲ့တယ်။

ရှေင်ချန်းရန်ကတော့ ဒီလို ဖြစ်ရတာက ဘဝက အရမ်းတွေ သက်သောင့်သက်သာ ဖြစ်နေတာကြောင့်မို့ အမြဲတမ်း အိပ်ပဲ အိပ်ချင်နေတယ်လို့ တွေးမိနေတာကြောင့် ဆေးရုံသွားပြဖို့ကို ရှောင်ချန်းရန်က ငြင်းဆန်ခဲ့ပါတယ်။

စူးပေ့လည်း သူပြောတာလည်း ဟုန်သလိုလို ရှိနေတာမို့ စိတ်ထဲထည့်မနေတော့ပါဘူး။

အဲဒါတွေ ပြီးတဲ့နောက် တစ်ညကြီး ရှောင်ချန်းရန် ထည့်ပေးတဲ့ လိမ္မော်ရည်က စူးပေ့လုပ်တာနဲ့ မှောက်ကျသွားပါလေရော။

ရှောင်ချန်းရန်က သူ့အတွက် ဂရုတစိုက် ပြင်ဆင်ထားတာကို လက်လွတ်စပယ် လုပ်မပစ်နိုင်တာကြောင့် သူ တိတ်တိတ်လေး နောက်တစ်ခွက် ငှဲ့သောက်လိုက်တယ်။

ဒါပေမယ့် ဒီနေ့ညတော့ စူးပေ့တစ်ယောက် ညလယ်ခေါင်ကြီးမှာ ထပ်နိုးလာခဲ့ပေမယ့် သူ့အနားမှာ ရှောင်ချန်းရန်က ရှိမနေပြန်ပါဘူး။

ဒီလို အချိနိအကြာကြီး ကောင်းကောင်း အိပ်ပျော်ခဲ့ပြီးမှ ညလယ်ခေါင်ကြီးမှာ ဘယ်လိုလုပ်ပြီး ထပ်နိုးလာရပြန်တာလဲ?

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now