3

357 53 3
                                    

"အ့..အာ့....အား...နာတယ်....ဖြေးဖြေး"

"ယောလ်လီ အဲ့နားလေး"


"ဒီနားလား အချစ်"


"အင်း...အား...ကောင်းလိုက်တာ....ထိတယ်....အဲ့နားက"


"ရလား အချစ်"

"အွန်း"

"ဟီး...ယောလ်လီကအတော်ဆုံးဘဲ"


"ယောလ်လီလက်ညောင်းနေပြီးလာဟင် "


"မညောင်းသေးပါဘူး "


"အွန်း.....မင်းလက်ညောင်းရင်တော်လိုက်တော့​​နော်"


"အချစ် ခြေထောက်သက်သာရဲ့လား မသက်သာရင်မနက်ကျောင်းမသွားတော့နဲ့ငါလဲမသွားတော့ဘူး"


ချန်းယောလ် ဂယောင်ဆူးခြေထောက်ကိုနိုပ်ပေးနေတာဖြစ်သည်


"ဟာ...ယောလ်လီမသွားရင်ငါတို့စာကိုဘယ်သူကလုပ်ပေးမှာလဲ"


"ဘတ်ခ်ဟွန်းရှိတာဘဲ ဘတ်ခ်ဟွန်းကိုမုန့်ဝယ်ကျွေးပြီးအိမ်စာကူးခိုင်းလိုက်မယ်"

"ဟီး...ဟုတ်သားပဲ"


"ယောလ်လီ မင်းကြီးလာရင်ဘယ်လို့မိန်းကလေးမျိုကိုရွေးချယ်မှာလဲ"


"ဘယ်မိန်းကလေးမှမရွေးဘူး"


"ဟွန့်"


ဂယောင်ဆူး ကသူကိုမကျေနပ်သလို့နှာမှုတ်လိုက်တာဖြစ်သည် ။ သူရွေးချယ်မဲ့သူကလဲဘယ်မိန်းကလေးမှမဟုတ်သလို့ဘယ်ယောက်ကျာ်းလေးမှလဲမဟုတ်ဘူး ။ ဒိုဂယောင်ဆူး ဆိုတဲ့သူချစ်ရတဲ့လူသားလေးတစ်ယောက်ဘဲ ။ ဂယောင်ဆူးအပေါ်ထားတဲ့ခံစားချက်ကို ဂယောင်ဆူးသိသွားရင်သူကိုမုန်းသွားမှာကြောက်သည် ။ ပတ်ချန်းယောလ်အကြောက်ဆုံးအရာဆိုရင် ဒိုဂယောင်ဆူး ဆိုတဲ့ကောင်လေးသူအနားမှာမရှိတော့မှာအကြောက်ဆုံးဘဲ

"ယောလ်လီငုတ်တုတ်ကြီးအိပ်နေတာလား"

ချန်ယောလ်အတွေးလွန်နေတုန်းဂယောင်ဆူးခေါ်မှာအသိဝင်တော့သည် ။ ချန်းယောလ် ဂယောင်ဆူးဘေးမှာဝင်လှဲလိုက်သည်

"ယောလ်လီငါရွေးချယ်မဲ့မိန်းကလေးကိုသိချင်လား"

"မသိချင်ဘူး "

🐯 မတည့်အတူနေ🐧Where stories live. Discover now