8

272 43 4
                                    

"ချန်းယောလ် မင်း..မင်းမျက်နှာကြီးက.. ဟားဟား.. "







ဘတ်ခ်ဟွန်း ချန်းယောလ်မျက်နှာကို ကြည့်ပြီး အော်ရယ်မိလိုက်သည် ။ သူ့ရယ်သံကြောင့် ကန်တင်းထဲက လူတွေကလှည့်ကြည့်လာသည်










"ငါ မျက်နှာက ဘာဖြစ်နေလို့လဲ"







"မင်း..မင်းမျက်နှာက... ခွီး.."










ဘတ်ခ်ဟွန်း ရယ်လဲရယ်ချင်စရာ သူ့ မျက်နှာက မျက်ကွင်းညိုပြီး နှဖူးမှာလည်း ပလာစတာကပ်ထားတာဖြစ်သည် ။ အဲ့တာတင်မဟုတ်သေးဘူး ဆံပင်ကလဲ ရုပ်ပျက်ဆင်ပျက်နဲ့ ... ညက အချစ်က သူ့ဆံပင်တွေ ဆောင့်ဆွဲပြီးဆော်ပလော်တီးထားတာဖြစ်သည် ။ ဒီနေ့မနက် ဆံပင်လေးကိုင်လိုက်တာကို ခေါင်းတွေကြိမ်းလို့ ခေါင်းတောင်မဖီးခဲ့ရဘူး ...သူ့ပုံစံကို ဘတ်ခ်ဟွန်းက ကြည့်ကြည့်ပြီး ရယ်နေတာဖြစ်သည် ။ အချစ်ကို ကြည့်လိုက်တော့လည်း သူ့မဟုတ်သလို့နဲ့ ညကြမှ မှတ်လောက်သားလောက်အောင် အပြစ်ပေးပြစ်မယ်









"မင်းတို့နှစ်ယောက် ရန်ဖြစ်ထားကြတာလား"








"မဟုတ်ဘူး...ချော်လဲလာတာ"







"မင်းပြောတာ ယုံရအောင် ငါက ကလေးမဟုတ်ဘူး "








"ဘာလို့လားမေးနေသေးလဲ.. သိရင်လည်း "







သူ့ခန္ဓာကိုယ်နဲ့ ဂယောင်ဆူးခန္ဓာကိုယ်နဲ့ချင်းကြည့်ရင် သူ့ကမှပိုကြီးသေးတယ် အဲ့တာကို ဂယောင်ဆူးရှိမှာ ခံလာရတယ်တဲ့လို့ ...ပတ်ချန်းယောလ်တို့ ရာဇဝင်ရိုင်းလိုက်တာ.. အဟွတ်.. သူ့အလှည့်ကိုယ့်အလှည့်ဆိုတာရှိပါသေးတယ်... အဲ့ကြမှ ဒိုဂယောင်ဆူးကိုကောင်းကောင်းကြီးဆုံးမပြစ်မယ် ...








"မင်းတို့ကိုလိုက်ရှာနေတာ မင်းတို့ကဒီရောက်နေတာကို.. ဟင်..ချန်းယောလ် မင်းမျက်နှာက ဘယ်လို့ဖြစ်တာလဲကွာ ခုနှစ်ရက်ခုနှစ်လီမအိပ်ရတဲ့ ရုပ်နဲ့ ...ဟားဟား "








ချန်းယောလ် ခါအီကိုမျက်မှောင်ကြိုတ်ပြီး ကြည့်လိုက်မှ စပ်ဖြီးဖြီးရုပ်ကတည်သွားသည်








🐯 မတည့်အတူနေ🐧Where stories live. Discover now