Part - 1

2.9K 47 3
                                    

<Unicode>
ထိုကြောင့်...မုသားဆိုခဲ့သည်...
          Part - 1

"ကောင်းဆက်ပိုင် ကောင်းဆက်ပိုင်နဲ့
ရပ်ကွက်ထဲလည်း ကောင်းဆက်ပိုင်နဲ့
သောက်မြင်ကပ်လာပြီ"

"ဟုတ်တယ်ဒီလောက်ကောင်းနေတဲ့
ကောင်းဆက်ပိုင် နည်းနည်းဆိုးအောင်
လုပ်ရအောင်လေ"

"ဒီကောင်ကို ဘယ်လိုလုပ်ကြမှာလည်း"

"ဒီကောင်ကို လူရှေ့ထွက်မလာရဲအောင်
ဘယ်လိုလုပ်ကြမှာလည်း
လူတိုင်းဝိုင်းပြောခံရအောင်လုပ်ကြရအောင်"

"ဒါတော့ ငါ့တာဝန်ထားပါ
ဖြေးဖြေးခြင်းငါ့လုပ်ပြမယ်
မင်းတို့လည်းကူညီရမှာနော်"

"ကိုထူးသာ ကောင်းဆက်ပိုင်ကို
နာမည်ဖျက်နိုင်ရင်
ကျွန်တော်တို့ကူညီမှာပေါ့ ဟုတ်တယ်မှာလား"

"ဟုတ်တယ်ကိုထူး ချသာချ"

    ကိုထူးတို့သူငယ်ချင်း၄ယောက်ဖြစ်သည့်
ငဆောင်း ၊ သူရ နှင့် မင်းနိုင် တို့က ကောင်းဆက်ပိုင်ကို မကျေနပ်သည့်အချက်များကို အချင်းချင်းရင်ဖွင့်နေကြသည်။

ကောင်းဆက်ပိုင်သည် အလွန်လိမ္မာရေး ခြားရှိသောသူ ဖြစ်သည်။ဒုတိယနှစ်ကျောင်းသားဖြစ်ပြီးလူတိုင်းကိုလည်း ခင်တတ်သည့်အပြင် ကူညီမှုလည်းရှိသည်။လူတိုင်းကို အပြုံးလေးနဲ့
နှုတ်ဆက်တတ်ပြီး လူတိုင်းနဲ့လည်းသည်းခံစိတ်ဖြင့် ပေါင်းသင်းသောကြောင့် ရပ်ကွက်ထဲမှာ သတင်းအထူးကျော်ကြားသည်။

     ကောင်းဆက်ပိုင်သည့် တက္ကသိုလ်မှာမြန်မာ ဒုတိယနှစ်ပညာသင်ကြားသော ကျောင်းသားတစ်ဦးဖြစ်သည်။စာအရမ်းတော်သော ကျောင်း
သားမဟုတ်ပေမဲ့ အလယ်အလတ်ဥာဏ်ရည်ရှိသောသူ တစ်ယောက်ဖြစ်သည်။

ကျောင်းကို ဖယ်ရီကားဖြင့် အသွားအပြန်တက်ပြီး ကျောင်းပြင်သိပ်မသွားဘဲ ကျောင်းစာကြည့်တိုက်မှာ အချိန်ကုန်လေ့ရှိသည်။အတန်ဆင်းချိန် အတန်းမရှိချိန်ဆို စာကြည့်တိုက်မှာ စာအုပ်များဖြင့်ပျော်မွေ့နေတတ်သည်။

      ကိုထူးသည် ကျောင်းမှာလူချောစာရင်းဝင်သော ကျောင်းသားတစ်ဦးဖြစ်သည်။ကောင်းဆက်ပိုင်တို့ထက် တစ်နှစ်ကြီးသော ကျောင်းသား ဖြစ်သည်။ရုပ်ရည်သန့်တော့ မယ်မဒီများဝိုင်းပြီး နည်းနည်းပါးရှုပ်သည့် တတိယနှစ် Emajor ကျောင်းသားဖြစ်သည်။

ထိုကြောင့် မုသား ဆိုခဲ့သည် (Completed)Where stories live. Discover now