Part - 2

554 18 0
                                    

<Unicode>

"မမြမေ သားသမီးတွေက လိမ္မာတာနော်
မိဘတွေကိုကူညီတယ်"

ဒေါ်မြမေဆီ မုန့်ဟင်းခါးလာသူများက ချီးကျူးကြသည်။ဒေါ်မြမေ သည် အိမ်ရှေ့တွင်
မုန့်ဟင်းခါးရောင်းချသူတစ်ဦး ဖြစ်သည်။
မနက်ခင်းရပ်ကွက်တစ်ဝိုက်က ဒေါ်မြမေဆီကို
မုန့်ဟင်းခါးအတင့်တင့်လာရောက် ဝယ်ယူစားသောက်ကြသည်။ဒေါ်မြမေသည် မုဆိုးမတစ်ယောက်ပြီးသမီးဖြစ်သူ မိုးစက်ပိုင်နဲ့ သားဖြစ်သူ ကောင်းဆက်ပိုင် အလိမ္မာတွေကို မွေးထုတ်ထားတဲ့ မိခင်ဖြစ်သည်။မနက်ခင်းတွင် မုန့်ဟင်းခါးရောင်းချပြီးရောင်းချပြီးတဲ့အခါ အိမ်နောက်ဖေးမှာ အသီးအနုံများကို စိုက်ပျိုးထားသည်။

ကောင်းဆက်ပိုင်သည် မနက်ကျောင်းမသွားခင်ထိ မိခင်ကိုလုပ်ကူလေ့ရှိသည်။ကျောင်းပိတ်ရက်တွေလည်း မိဘကိုလုပ်ကိုင်ကူရင်းနဲ့
အချိန်ကုန်ပြန်သည်။

အစ်မဖြစ်သူမိုးစက်ပိုင်က မနက်စောစောထပြီး
ချက်ပြုတ်ကာ ကောင်းဆက်ပိုင်အတွက် ချိုင့်ပြင်ဆင်ပေးပြီးမှ အလုပ်သွားလေ့ရှိသည်။Company ဝန်ထမ်းဖြစ်သည့်အတွက် ပိတ်ရက်
သိပ်မရှိပေမဲ့ ပိတ်ရက်ရှိတဲ့အခါ မိခင်ကိုလုပ်ကိုင်ကူပြီး အချိန်ကုန်လေ့ရှိသည်။

ဒေါ်မြမေသည် ဆိုင်ကလူပါးတဲ့အချိန်ရောက်တော့ သားဖြစ်သူကို ဆိုင်ခဏစောင့်ခိုင်းထားသည်။ဆိုင်စောင့်နေရင်း ကောင်းဆက်ပိုင်သည်ဖုန်းသုံးနေသည်။ထိုချိန်တွင် ငဆောင်း သူရ နဲ့ မင်းနိုင်တို့က မနက်စာ မုန့်ဟင်းခါးလာရောက်စားသောက်ကြသည်။

"ယျောင့် ကောင်းဆက်ပိုင် မုန့်ဟင်းခါး၃ပွဲ"

ငဆောင်းတို့၃ယောက်သည် အခုမှအိပ်ယာထနေတဲ့ပုံပေါက်သည်။မျက်နှာသစ်ထားတာ ဆံပင်တွေမှာရေအနည်းငယ်စိုနေသည်။၃ယောက်လုံးက မျက်နှာမကောင်းဖြစ်နေသည့်ကိုလည်း ကောင်းဆက်ပိုင်သတိထားမိသည်။ဆိုင်လာသည့် ဧည်သည့်တွေကို ကောင်းဆက်ပိုင်က
ပြုံးချိုချိုလေးနဲ့ဆက်ဆံတော့သည်။

"ကိုကြီးတို့ဘာနဲ့စားမှာလည်း"

"ငါတို့ကတော့ အကြော်နဲ့ဘဲစားနိုင်တယ်"

ထိုကြောင့် မုသား ဆိုခဲ့သည် (Completed)Where stories live. Discover now