💔 အမှားအယွင်း 💔

498 82 4
                                    

Part 4

"ဟျောင့် "

ကျတော်မောကြည့်လိုက်တော့ အမှန်ပါပဲ ကျတော်ထင်ထားတဲ့သူ ကင်ထယ်ယောင်းဆိုသူ

"ဘာလဲ "

" ငါ့တို့ကို နေ့လည်စာ သွားယူပေး "

" ဘာလို့ ....မင်းတို့ဘာသာ ဝယ်ပါလား "

ကျတော် သူ့ကို ပြန်ပြောတော့ သူရဲ့ မျက်ခုံးနှစ်ဖက် တွန့်ချိုးသွားတာ မြင်လိုက်ပါသေးတယ်

" မင်း ...သွားယူမလား မနေ့ညက ကိစ္စလူတေကို လိုက်ပြောပြရမလား အဟက် 'ကင်ထယ်ယောင်းက ဂျောင်ဟိုဆော့ ရည်းစားပါ 'ဆိုပီးလေ "

" ဘာ!!! သွားယူပေးရင် ပီးရောမလား "

သူသာ အဲ့လိုပြောလိုက်ရင် တီတီသိသွားပီး ကျတော့် ရ်ုက်ခံရမှာ သူမက လိင်တူသဘောမကျသူတယောက်မို့လေ

" အမ်း သွားယူမြန်မြန် "

ဟိုဆော့လည်း လွယ်အိတ်ကို ‌ဘေးချခဲ့ပီး နေ့လည်စာသွားယူဖို့ ထထွက်လာခဲ့သည်

Tea pov-

ကန်တင်းကို ကျတော်နဲ့ ဂျောင်ကုရောက်တော့ စားပွဲ လွတ်တခုမှာ တယောက်ထဲထိုင်နေတဲ့သူလေး အဟက် ကျတော်ဘယ်လိုပြောရမလ‌ဲ ကျတော် သူ့ကိုမြင်ရင်လေ တမျိုးဗျ မစရရင်မနေနိုင်ဘူး ပီးတော့ သူ့ကိုသိပ်မကြိုက်ဘူး သူ့ကိုတွေ့ရင်ရင်ခုန်တာမြန်မြန်လာလို့ အာ့ကြောင့် ဘာကြောင့်ဖြစ်လာတဲ့ရင်ခုန်သံလဲဆိုတာ ဆန်းစစ်ဖို့ သူ့နားသွားသွားနေမိတာ..ကျတော်နဲ့ဂျောင်ကု သူအနားကိုသွားပီး နေ့လည်စာယူခိုင်းတယ် သူအစကမလုပ်ပေးချင်လို့ငြင်းနေပေမယ့် ကျတော် ခြိမ်းခြောက်မှုတွင်ကြောက်ပီး အခုယူဖို့ သွားလေရဲ့
ဂျောင်ကုလား သူကဒါတေစိတ်မဝင်စားဘူး
အာ့ကြောင့် ကျတော်လုပ်သမျှ သူဘာမှဝင်မဖြည့်စွက်ဘူး သူကအေးဆေးသမားလေ

Hoseok side ---

ဟိုဆော့နေ့လည်စာကို သူတို့အတွက်ယူလာပြီး အပြန်တွင်..

" ဟိုဆော့ "

" ဟမ် အော် ဂျီမင် "

" ငါလာယူနေတယ်လေ ဘာအတွက် ဒါတေက လာယူနေတာလဲ "

" အာ ....ဒါက ကင်မ်ထယ်ယောင်းနဲ့ ဂျောင်ကုတို့အတွက် "

" ဘာလို့ မင်းကဘာယူပေးတာလဲ သူတို့ဘာသာယူပါလေ့စေလေ "

 💔 အမှားအယွင်း 💔 { COMPLETE }Where stories live. Discover now