💔 အမှားအယွင်း 💔

467 71 6
                                    

Part 11

"ဂျီမင် ....!"

တဲသို့ သွားနေရာမှ အရှေ့ကလျှောက်နေသော ဂျီမင်အား လှမ်းခေါ်သော ဟိုဆော့

" ဟေ ..ဘာပြောမလို့လဲ "

" စီနီယာတို့ဆီအရင်သွားရအောင် သူတို့ တဲမှာ ရှိကြမှာပါ "

" အေး သွားကြတာပေါ့ အဲ့မှာ ဖွင့်ရအောင် ဟိုနှစ်ယောက်ကို ထားလိုက်တော့ "

" အေး လာမြန်မြန်သွားရအောင် "

ညာဘက်တွင်ရှိသော စီနီယာတို့တဲအား ဟိုဆော့နဲ့ ဂျီမင် ခပ်သွက်သွက် သွားလိုက်ကြတယ်

တဲအရှေ့ရောက်တော့ ဂျီမင်မှ

" စီနီယာတို့ ရှိကြလား ကျတော်တို့ ပြောစရာရှိလို့ "

ဟု အသံမတိုးမကျဖြင့် စကားဆိုသည်

" အော် ဂျီမင်တို့ ဘာများပြောမလို့လဲ လာလေ ဝင်ခဲ့လိုက် "

အထဲမှ နမ်ဂျွန်း၏ အသံကိုကြားကာမှ ဖိနပ်ကို ဘေးချွတ်ကာဝင်သွားကြသည်

ဟိုဆော့ကတော့ ဝင်ပီးသည်နှင့် တဲ၏ ဇစ်အား သေချာပြန်ပိတ်ပီးမှ စီနီယာတို့ ထိုနေရာသို့ လာလေသည်

Jin "ဘာများမို့လဲ အရေးကြီးလို့လား  "

HS " ကျတော်ပြမယ် "
ဟိုဆော့သည် အင်္ကျီဖြင့်သေချာထုပ်ထားသော အစိမ်းရောင် စာအုပ်လေးအား သေချာထုတ်ပြလေသည်

Yg " ရာ့့့ဘယ်ကတွေ့လာတာလဲ "

" အဲ့ဟာက ကျတော် ....."

Ty " အကို ဆော့ဂျင်း ဇစ်ပိတ်ထားတာလား ကျတော်တို့ ဝင်မလို့ "

Jin "အေး ခဏ အကိုလာခဲ့မယ် ...

ဟိုဆော့ သူတို့ကိုကော ပြမယ်မလား "
ဟုဟိုဆော့ဘေးနား ကပ်ကာ မေးသော ဆော့ဂျင်း

ဟိုဆော့လည်း ဂျီမင်ဘက်ကို ကြည့်တော့ ခေါင်းငြိမ့်ပြနေသဖြင့် သူတို့ကိုပါ ပြဖို့ လက်ခံလိုက်သည်

Ty "အကို လာဖွင့်တာ ကြာတာဗျာ "

Jin " ဆောရီးး လာခဲ့ ပြစရာရှိတယ် "

ထယ်ယောင်းနဲ့ ဂျောင်ကု တဲအတွင်းသို့ ဝင်ပီးသည်နှင့် ချက်ချင်းဇစ်ပြန်ပိတ်သာ ဆော့ဂျင်းး

 💔 အမှားအယွင်း 💔 { COMPLETE }Where stories live. Discover now