••

953 152 24
                                    

𝗎𝗇𝗂𝖼𝗈𝖽𝖾::

" ယောက်ျားလေးကို ပန်းလာပေးတာ။ အဲ့ကောင်မလေး ရူးနေလား မသိဘူး !! "

ဆောနူက မကြိတ်မခဲဖြစ်ကာ ပြောလာတယ်။ လက်ထဲက ပန်းစည်းကြီးကို စာကြည့်စားပွဲဘေးက အမှိုက်ပုံးထဲကို ပစ်ချလိုက်ပြီး၊ နှုတ်ခမ်းတထော်ထော်နဲ့ ဆံပင်တွေကို ခါနေအောင် သပ်တင်နေတယ်။ စာကြမ်းပိုး ရီခီကတော့ စာမေးပွဲနီးတာကြောင့် စာအုပ်နဲ့ မျက်နှာမခွာ။ စာအုပ်ကြီးကို မျက်နှာပေါ်တင်ထားပြီး ဟောက်တောင်ဟောက်နေ၏။

အမှိုက်ပုံးထဲကို ရောက်သွားတဲ့ ပန်းစည်းကို ကြည့်ပြီး ဂျောင်ဝန်းက ဘာမဆိုင်ညာမဆိုင် နှမြောမိတယ်။ ပေးတဲ့သူသာ သိရင် ဘယ်လောက်တောင် ဝမ်းနည်းသွားလေမလဲ။ ပန်းတွေကို မြင်ရင် ဂျောင်ဝန်း တစ်စုံတစ်ယောက်ကို သတိရတယ်။

သူတို့တွဲခဲ့တဲ့ တစ်လတာက တိုတောင်းခဲ့တယ်ဆိုပေမဲ့ ဟီဆွန်းက သူ့ကို အများကြီး ဂရုစိုက်ပေးခဲ့တယ်။ ဒေစီတွေကို သဘောကျလိုက်တာဆိုပြီး သတိမထားမိဘဲ ပြောလိုက်ကတည်းက သူတို့တွေ့တိုင်း ဒေစီတွေကို ယူလာပေးတတ်တယ်။ အခုထိ ဂျောင်ဝန်း သိမ်းထားတုန်း။ တစ်ခါ ပန်းက ခြောက်နေပြီ၊ ရှုပ်တယ် ဆိုပြီး ဆောနူ လွှတ်ပစ်လိုက်တုန်းက ဂျောင်ဝန်းမှာ အကြီးအကျယ် အော်ငိုခဲ့တာ သတိရတိုင်းပင်။

တစ်ခါတလေကျတော့လည်း ဂျောင်ဝန်း တွေးမိတယ်။ ဆောနူတို့ပြောသလို ဟီဆွန်းက သူ့ကိုများ တကယ်သဘောကျနေတာလားဟူ၍။ ဒါပေမဲ့လည်း ထိုအတွေးတွေကို တစ်နာရီတောင် ကြာအောင် မထားချင်တဲ့ ဂျောင်ဝန်းက မဟုတ်တဲ့ ပေါက်ကရအတွေးတွေလို့ ခေါင်းစဉ်တပ်ပစ်ပြီး၊ ခေါင်းထဲကနေ မထွက်မချင်း ထုတ်ပစ်တတ်တယ်။

" စာတွေ ရပြီလား ဂျောင်ဝန်း ? "

" မဆိုးပါဘူး။ "

ဆောနူက မျက်ခုံးပင့်ပြတယ်။ အင်္ကျီလဲပြီးတော့ ဂျောင်ဝန်းဘေးကို ရောက်လာပြီး ဟိုကြည့်သည်ကြည့်နဲ့ မျက်လုံးက ကျီးကန်းတောင်းမှောက် ကြည့်နေပြန်တယ်။

" ဘာပြောမလို့လဲ အစ်ကိုဆောနူ ? "

ဘေးမှာ ငြိမ်ထိုင်နေကတည်းက ဆောနူဆီမှာ နားပူနားဆာတိုက်စရာ တစ်ခုခုရှိနေပြီဆိုတာ ဂျောင်ဝန်းက တန်းသိတယ်။ တကယ်တော့ နားပူနားဆာလုပ်စရာ မဟုတ်ဘဲ၊ ပြောစရာနဲ့ မေးစရာဖြစ်တယ်။

𝖢𝖾𝗇𝗍𝗋𝖾 𝖮𝖿 𝖧𝖾𝖺𝗋𝗍𝖻𝖾𝖺𝗍𝗌 @𝗛𝗲𝗲𝘄𝗼𝗻Tempat cerita menjadi hidup. Temukan sekarang